Wednesday, June 25, 2008

အလိုကျ

ချစ်သူ.. မလိုက်ချင်လည်း နေရစ်ပါတော့

မင်းလိုက်ချင်အောင် ခေါ်နိုင်တဲ့အင်အား

ငါ့မှာ မရှိတော့လို့ပါ.။


မပြုံးချင်လည်း ထားလိုက်ပါတော့

မင်းအပြုံးကို မြင်ရဖို့ကံ

ငါ့မှာ ပါမလာဘူးလို့ဘဲ မှတ်ယူလိုက်ပါ့မယ်.။


မချစ်ချင်လည်း မုန်းလိုက်ပါတော့

မင်းအမုန်းကို ရင်ဝယ်ပိုက်ရင်း

နေတတ်အောင် နေသွားပါ့မယ်.။


မဆုံချင်လည်း ရှောင်သွားပါတော့

တွေ့ခဲ့ရင်တောင်

မမြင်ချင်ယောင်ဆောင်ပေးပါ့မယ်.။


အရာအားလုံးကို မင်းအလိုကျ ဖြစ်စေရင်း

မင်းအတွက်တော့ ငါဟာ အရံလူတစ်ယောက်ပဲပေါ့.။


11 comments:

သဇင်ဏီ said...

ကောင်းတယ် ကဗျာလေးက
ခံစားချက်ပေါ်လွင်တယ်..
သဲရေ.. အားပေးတယ်နော်

မင်းကျန်စစ်။ said...

သဲက ကြေကွဲနေတာကိုး။
ကဗျာမှာပဲ ကြေကွဲပါဗျာ။
တကယ့်အပြင်မှာတော့ အဲလို မဖြစ်ပါစေနဲ့။

boyz said...

ချစ်သူရေ... နေရစ်ချင်လဲ မလိုက်ပါနဲ့ တော့
ငါတယောက်ထဲ ဒိုးပီ။

မပြုံးတတ်လဲ မပြုံးပါနဲ့ 
ကြည့်ရစိုးလို့ ပါ။

မမုန်းရင်လည်း မချစ်ပါနဲ့ 
ငါနေတတ်သလို နေပါ့မယ်

ဆုံချင်ရင်လည်း လာမတွေ့ ပါနဲ့ 
မြင်ခဲ့ရင်တောင်
ငါ သိသိသာသာ ရှောင်သွားပေးပါ့မယ်။

အရာအားလုံး မင်းအလိုကျဖြစ်ခဲ့ရင်
မင်း အသင်းမှာ ငါဟာ First-Line up တစ်ယောက်ဖြစ်သွားလိမ့်မယ်။

boyz said...

နောက်တာနော် ။။ ဟီး

လင်း said...

ချစ်သူ.. မလိုက်ချင်လည်း နေရစ်ပါတော့ မင်းလိုက်ချင်အောင် ခေါ်နိုင်တဲ့အင်အား ငါ့မှာ မရှိတော့လို့ပါ.။

ခံစားရပါသည်။

Anonymous said...

မမရေ......ကဗျာလေးကောင်းတယ်.....ခံစားသွားတယ်
ပန်းကန်ပြားနဲ့တော့ဟုတ်ဘူးနော်.........

Kaung Kin Ko said...

အရံလူဆို သက်သာတာပေါ့။ ဘောလုံးသမားတွေ ဆို အရံလူဆို ဘောလုံးမကစားပဲ ပိုက်ဆံတောင်ရသေး တယ်။ဟီးဟီး။ သဲလည်း တစ်ယောက်တည်းဆို ပိုတောင်လွတ်လွတ်လပ်လပ် ရှိသေးတယ်။ ဘယ်သူ ချုပ်ခြယ်တာမှ မခံရတော့ဘူးပေါ့

ကလိုစေးထူး said...

ကိုယ်တွေ့ ခံစားချက် ကဗျာတော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါမှမဟုတ် ကိုယ်တွေ့ပဲလား မသိ။ :P

Yan said...

မေပျိုတစ်ယောက် ကဗျာရေးတာတွေ လက်စွမ်းထက်လာပါလား.

အေးဗျာ. တစ်ခါတစ်လေတော့လည်း အဲလို အရန်လူဘ၀နဲ့ ချစ်သူအလိုကျဖြည့်ဆည်းပေးနေရတာကိုကလည်း မြင့်မြတ်တဲ့ မေတ္တာတရားတစ်ခု ဖြစ်လာနိုင်တာပဲလေ...

မပိုင်ဆိုင်နိုင်တာက လွဲလို့ပေါ့...

ပြောရင်းနဲ့ ငိုချင်လာပြီ... သွားတော့မယ်. :d

Younggun said...

ပျောက်နေလိုက်တာ၊ အခုမှဘော်ဘော်ဟောင်းတွေ ပြန်ဆုံတော့တယ်။ ကျန်းမာထီပေါက်၊ စာမေးပွဲအောင်ပါစေဗျာ။ ကဗျာကတော့ ဖတ်ရင်း အောင့်သက်သက်ဖြစ်လာတယ်။ အရံလူဆိုတော့လေ။ အယူလံရတောမ့ယ်ထင်ပ။ နောက်တာ။

ဖြိုးဝေတိုး said...

ကဗျာလေးကောင်းပါတယ်
ဆက်လက်အများကြီးပဲရေးနိုင်ပါစေဗျာ