Monday, April 21, 2008

ဒီလိုညမျိုးပေါ့..

ဒီလိုညမျိုးပေါ့..
လမင်းကရှောင်ခွာပြေးသွားတာ
အထီးကျန်တဲ့ ကောင်းကင်ယံလည်း
ကြယ်လေးတွေကို အဖော်ပြုလို့..။

ဒီလိုညမျိုးပေါ့..
လေပြေက စိမ်းကားသွားတာ
တားခွင့်မရှိတဲ့ တိမ်တိုက်တွေလည်း
ခြောက်သွေ့စွာ ငိုကြွေးလို့..။

ဒီလိုညမျိုးပေါ့..
အလွမ်းတွေ ပြန့်ကျဲ
မင်းအမုန်းကို သိမ်းမထားနိုင်လောက်အောင်
နှလုံးသားတွေ အစိပ်စိပ်အမြွာမြွာကြေကွဲ
မျက်ရည်တွေတောင် ခန်းခြောက်လို့..။

ဒီလိုညမျိုးပေါ့..

ဒီလိုညမျိုးပေါ့..

ဒီလိုညမျိုးပေါ့..


8 comments:

Kaung Kin Ko said...

ဒီလိုညမျိုးပေါ့..
မီးအလင်းရှောင်ခွာပြေးသွားတာ
အထီးကျန်တဲ့ ငါလည်း
ဖြယောင်းတိုင် လေးတွေကို အဖော်ပြုလို့ :D

ဟီးဟီး။ စတာ။ တပည့် ကဗျာအရေးအသားတွေ ကောင်းလာပါလား

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မေပျိုရေ ကဗျာလေးက ကောင်းတယ်ဗျို့ ။
ဖွဲ့ထားတာရော တင်ပြထားပုံလေးပါမိုက်တယ် ။

မြန်မာပြည်ကိုလွမ်းတယ် said...

ဒီလိုညမျိုးတွေကို ကြောက်တယ်မမေပျိုရေ
နှလုံးသားတွေအစိပ်စိပ်အမြွာမြွာကြေကွဲရမှာ
ကိုကြောက်လို့။ရေးတတ်လိုက်တာနော်။

emayarKhin said...

ဒီလိုညမျိုးပေါ့
ငါ့ကိုယ်ကလေမှာလွင့်နေခဲ့တာ.....
အရမ်းကောင်းတဲ့စာသားလေးနော်.....

Unknown said...

The poem is very good it is very very beautiful.
When I red it,I felt deep yearn from my heart.
Wish you all the best!

Anonymous said...

ဟုတ်တယ်
ဒီလိုညမျိုးပေါ့ …
အမုန်းတွေ လိုက်စုကောက်မိရင်း
မျက်ရည်တို့ မခန်းခြောက်ခင်ကလေးမှာ
တွယ်တာသူ အခန်းတံခါးကို
အကြိမ်ကြိမ် ငါခေါက်မိဖူးလေရဲ့
မှတ်မိနေသေးတယ်
ဒီလိုညမျိုးပေါ့ …..
ငါ့အခန်းလေး မီးမှောင်နေမယ်ဆို
အိပ်ရာဝင်ခဏတာလေးပဲဖြစ်ဖြစ်
မင်း ငါ့ကို သတိရနေဦးမလား
ကလေး….

ချစ်တဲ့
မွန်းသက်ပန် (ဆေး-၁)

စိုးထက် - Soe Htet ! said...

ဒီလိုညမျိုးပေါ့ ... တရားတွေ ဇွတ်မှတ်နေရတာ :P

Anonymous said...

ဒီလိုညမျိုးပေါ့

မမမေပျိုရေ.........
ကောင်းတယ်..........အရမ်းကိုကောင်းတာ....နောက်တာ
မဟုတ်ဘူး...အတည်