Saturday, April 5, 2008

အနိုင်မခံ

ဒီနေ့ စာအုပ်တွေ ရှင်းရင်းနဲ့ မနော်ဟရီရဲ့ ၀တ္ထုကို တွေ့လို့ ပြန်ဖတ်မိလိုက်ပါတယ်။ ၀တ္ထုနာမည်က `သိုးကလေးရဲ့နေထွက်ချိန်´တဲ့.။ အဲဒီ့ဝတ္ထုထဲက ကဗျာလေးတစ်ပုဒ်ကို သဘောကျလို့ အားလုံးလည်း ဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။ William Ernest Henley (1849-1903) ရေးသားခဲ့သော INVICTUS ဆိုသော ကဗျာလေးကို `ဆရာညိုမြ´ ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ မြန်မာလို ခေါင်းစဉ်လေးကတော့ `အနိုင်မခံ´ တဲ့.။

“အနိုင်မခံ”

ငါ့အားဖုံးလွှမ်းအပ်သည့်
ညည့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှနက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ့၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရား၏ ကြမ်းကြုပ်သော လက်ဆုပ်အတွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏
သို့သော်…ညွှတ်ကား မညွှတ်။

လောဘ၊ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်ဖွယ်ငံ့လင့်၏
သို့သော်…ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။

သုဂတိသို့သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုဒ်တွင်
ငါ၏ အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ…
ငါသာ ငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာ ငါလျှင် ငါ့ဘ၀၏ သခင်ဖြစ်တော့သည်။

“INVICTUS”

Out of the night that cover me
Black as the pit from pole to pole
I thinks whatever Gods may be
For my unconquerable Soul

In the felleultch of circumstance
I have not winced nor cried aloud
Unders the bludgeonings of chance
My head is bloody but unbowed

Beyoud this place of wrath and tears
Looms but the horrors of the shade,
And yet the menace of the years
Finds, and shall find, me unafraid

It matters not how strait the gate
How charged with punishment the scroll
I’m the master of my fate
I’m the captain of my Soul

5 comments:

ein said...

အနိုင်မခံကဗျာလေး ...
အခုလိုလက်ဆင့်ကမ်းပေးတဲ့တွက် ကောင်းတယ်ပျိုမေလေးရေ...း)

ဆောင်းယွန်းလ said...

My head is bloody but unbowed...
Thanks for sharing very good poem, my sister.

လင်း said...

ယမမင်း၏ ခွေးပုရပိုဒ်တွင်
ငါ၏ အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ…
ငါသာ ငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာ ငါလျှင် ငါ့ဘ၀၏ သခင်ဖြစ်တော့သည်။
ထင်ရာစိုင်းလွန်းတဲ့လင်းအတွက်တော့
ဒီအပိုဒ်လေးက အကောင်းဆုံးဘဲ

Yan said...

အဲဒီ့ကဗျာလေးကို ဗိုလ်ချုပ်အောင်ဆန်း ပြန်တယ်ထင်နေတာ. ဆရာညိုမြပြန်တာလား. သေတော့ မသေချာပါဘူး. ပြောသံကြားဖူးလို့. ဘာပဲဖြစ်ဖြစ်ပါ. ဒီကဗျာလေးက ကျွန်တော့်ရဲ့ ခေါင်းရင်းမှာ ချိတ်ဆွဲထားခဲ့ဖူးတဲ့ စာစုလေးတစ်ခုမို့ အခုလို ပြန်တွေ့လိုက်ရတာ ၀မ်းသာပါတယ်. သိုင်းကျူး ညီမရေ...

su wai said...

သဲရေ…အဲဒီကဗျာလေးကို အမလဲ အရမ်းသဘောကျတယ်။ ဆရာတက္ကသိုလ်နေ၀င်းရဲ့ ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ စာအုပ်ထဲမှာတော့ ဗိုလ်ချုပ်ရေးတယ်ဆိုပြီး ရေးထားပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို ပြန်ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ သဲရေ