Monday, March 31, 2008

မွေးနေ့ကလေးမှာ.................

မနက်မိုးလင်းတော့
alarm လေးက သတိပေးတယ်
Today is your birthday တဲ့..။

ဥသြတွေ တေးသီတဲ့ရာသီ
နွေလေရူးတွေ မြုးကြွတဲ့အခါသမယ
ပူပြင်းမှုတွေကြီးစိုး ဂိမာန်နွေ
မတ်လရဲ့ နောက်ဆုံးရက်
၃၁ ရက်နေ့
သြော် မွေးနေ့တောင်ရောက်ခဲ့ပြန်ပြီပေါ့.။


ခုနှစ်ကိုကြည့်လိုက်တော့ ၂၀၀၈
ဒါဆို ၁၉နှစ်ပြည့်ခဲ့ပြီပေါ့..။

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်
ဒီ၁၉နှစ် အတွင်း ဘာတွေများ လုပ်ခဲ့သလဲ.။
ဘယ်သူ့ကိုများ အကျိုးပြုခဲ့သလဲ.။
ဘယ်သူ့ကိုများ ထိခိုက်အောင် လုပ်ခဲ့သလဲ..။
လောကကြီးကို သာယာအောင် ဘာများ ထမ်းဆောင်နိုင်ခဲ့သလဲ.။

မေမေစိတ်ချမ်းသာအောင်တော့ လုပ်နိုင်ခဲ့တယ်
သို့သော် ..နို့တစ်စက်ဖိုးတောင် မကျေနိုင်သေးပါ.။
ဖေဖေဂုဏ်ယူနိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်
သို့သော် ကျွေးကျေးဇူးတော့ မဆပ်နိုင်သေးပါ.။
လောကကြီးကိုလည်း သာယာအောင် ပံ့ပိုးချင်ပါတယ်
သို့သော် မနှောင့်ယှက်မိအောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်.။

ဘာတွေပဲလုပ်ခဲ့ လုပ်ခဲ့
ဘာတွေပဲ ဖြစ်ခဲ့.. ဖြစ်ခဲ့
မေမေရဲ့အပြုံးနဲ့ အသက်ဆက်ရင်း
မနက်ဖြန်အတွက် အားအင်တွေကို
မွေးမြူလိုက်တော့မယ်..။

10 comments:

ein said...

မနက်ဖြန်အတွက် အားအင်တွေကို
မွေးမြူနိုင်ပါစေပျိုမေလေးရေ ..

Nyein Chan Aung said...

မွေးနေ့မှသည် ရာသက်ပန် ပျော်ရွှင်နိုင်ပါစေ။

လင်း said...

ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံသူဖြစ်ပါစေ

Kaung Kin Ko said...

ဟက်ပီ ဘာ့သ်ဒေး တပည့်ကြီးး-)း-)း-) ပျော်ရွှင်ပါစေ။

ရွှန်းမီ said...

ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ.. ရှေ့ဆက် အဆင်ပြေပါစေ.. ရည်မှန်းချက်တွေ အောင်မြင်ပါစေ..
စတဲ့ . .. စတဲ့ ..
ကောင်းမွန်သော ဆုတောင်းများစွာနဲ့ ပြည့်စုံပါစေ..
:-)

Yan said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ.... အဝေးကြီးကလာခဲ့ရတာမို့ နည်းနည်းတောင် နောက်ကျသွားတယ်. ဟောဟဲဟောဟဲ. :)

မင်းကျန်စစ်။ said...

ပန်းကန်ပဲ လာဆေးရတော့တယ် သဲရေ။ ကားနောက်ကျလို့ တရက်လွန်မှ ရောက်လာတော့တယ်း) မွေးနေ့မှာ ပျော်ရွှင်ပါစေကွာ။

မျှားပြာ said...

ကဗျာလေးကို ခံစားရင်း မွေးနေ့ကိုလည်း အားပေးရင် ဘာမှလဲကျနတော့်ဘူး :P

P.Ti said...

မွေးနေ့ကို နောက်ကျပြီးရောက်လာပါတယ်။ ဆန္ဒ နဲ့ တထပ်ထဲကျသော ဘ၀ ကို ပိုင်ဆိုင်နိုင်ပါစေ။

ဆောင်းယွန်းလ said...

၁၉နှစ်မြောက်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်
ပျော်ရွှင်ချမ်းမြေ့သောဘဝကိုရရှိနိုင်သောညီမလေးတစ်
ယောက်ဖြစ်နိုင်ပါစေ