Sunday, March 2, 2008

လောကကိုအလှဆင်သူများ

မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် နေ့တနေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့(မတ်လ ၂ ရက် ) နေ့မှာ အမိမြေရဲ့ ရပ်ဝေးရပ်နီးမှာ ရှိနေကြတဲ့ မြန်မာပြည်သူ ပြည်သားများနဲ့ မြန်မာစာပေကို မြတ်နိုးတဲ့ လူတိုင်းအတွက် ဖတ်ရှုချင်စရာ အွန်လိုင်း မဂ္ဂဇင်းတစောင် ထွက်ရှိခဲ့ပါတယ်။ မဂ္ဂဇင်းရဲ့ အမည်ကတော့ `လောက အလှ ´ လို့ ပေးထားတာကိုတွေ့ရပါတယ်။

အတွေးအမြင် အနုပညာ သတင်းအက်ဆေးဟာသဆောင်းပါးဝတ္ထုတိုအင်တာဗျူး ကျန်းမာရေးကဏ္ဍပညာရေးကဏ္ဍကွန်ပြူတာကဏ္ဍဓါတ်ပုံကဏ္ဍအမျိုးသားရေးရာ၊ အမျိုးသမီးရေးရာ စသည်ဖြင့် စုံလင်စွာဖော်ပြထားတဲ့ အဲဒီ အွန်လိုင်း မဂ္ဂဇင်းမှာ ဘလော့လောကမှာ လူအများသိပြီး နေကြပြီဖြစ်တဲ့ အကိုစေးထူးမမေဓာဝီ တို့အပြင် စာရေးသူ အတော်များများ ရေးသားထားကြတာမို့ စိတ်ဝင်တစားဖတ်ချင်စရာလေး ဖြစ်ပါတယ်။ အဲဒီ မဂ္ဂဇင်းဆီကို သွားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကတဆင့် သွားဖို့ ဖိတ်ခေါ်ပါတယ်ရှင်…။ အယ်ဒီတာများရဲ့ ပြန်ကြားချက်အရ လောကအလှ မဂ္ဂဇင်းကို အပတ်စဉ် တိုင်း Edit လုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

4 comments:

hana san said...

ကျေဇူးတင်ပါတယ်...သမီးရေ..သမီးရေးထားတာလေးတွေလည်း ဒေါ်လေး လာဖတ်သွားတယ်။ နောက်မှ အေးအေးဆေးဆေးရှိမှ သေချာ တစ်ခုချင်းလာဖတ်ဦးမယ်။ လောကအလှကိုလည်း စာမူလေးတွေ ၊ ကဗျာလေးတွေ ပို့ပေးဦးနော်။

lwansay said...

ကျေးဇူးပါပဲဗျ။ အဲဒီကို သွားလေ့လာကြည့်ပါတယ်။
မိုက်ပါတယ်။ အတွေးအခေါ်တွေ ခံစားချက်တွေ
ဆုံတာပေါ့။

Anonymous said...

အရမ်းကောင်းတဲ့ ဆိုဒ်လေးတစ်ခုကို ညွှန်ပြပေးတာ ကျေးဇူးအရမ်းတင်ပါတယ် ညီမလေးရေ့......။

စူး said...

မေပျိုရေ..
မြတ်နိုးဘလော့မှာ လင့်ထားတယ်နော်။ အချိန်ရရင် လာလည်ပါ။
မြတ်နိုး
ဘလော့လိပ်စာက
www.yuyamyatnoe.blogspot.com