Saturday, March 15, 2008

သူငယ်ချင်းဆိုတာ

သူငယ်ချင်းဆိုတာ..
ခံစားချက်တွေနဲ့ သံစဉ်ဖွဲ့ပြီး
ရင်ခုန်သံကို ကြိုးညှိနိုင်သူတွေ..။

သူငယ်ချင်းဆိုတာ..
ဖြူစင်တဲ့မေတ္တာတရားနဲ့
လောကကြီးကို အလှဆင်သူတွေ..။

သူငယ်ချင်းဆိုတာ..
ဘ၀အမောတွေနဲ့ ကြုံရတိုင်း
အေးမြတဲ့ချစ်ခြင်းတွေနဲ့
ချွေးသိပ်ပေးသူတွေ..။

သူငယ်ချင်းဆိုတာ..
ကန္တာရခရီးလမ်းမှာ
အိုအေစစ်တမျှ လိုအပ်လှတဲ့
ခရီးသွားဖော်တွေ..။

သူငယ်ချင်းဆိုတာ..
အမုန်းနဲ့အာဃာတကို မေ့ထား
ချစ်ခြင်းနဲ့ သံယောဇဉ်ကိုသာ
တည်ဆောက်တတ်ကြသူတွေ..။

ကံကြမ္မာတွေ ဘယ်လိုပြောင်းပြောင်း
သက္ကရာဇ်တွေ ဘယ်လိုနှောင်းလည်း
ရင်ခုန်သံမရပ်သရွေ့
သူငယ်ချင်းတွေနဲ့ တွဲလက်မြဲစွာ
ဆက်လျှောက်နေမယ်...။

8 comments:

Z a.k.a ANGELIC-DEVIL said...

"သူငယ်ချင်းဆိုတာ..
ကန္တာရခရီးလမ်းမှာ
အိုအေစစ်တမျှ လိုအပ်လှတဲ့
ခရီးသွားဖော်တွေ..။"

မှန်ပါတယ်။ =]

ChIr0N said...

သူငယ်ချင်းဆိုတာ ဘုရားကပေးတဲ့ လက်ဆောင် ကဗျာလေး ကောင်းတယ်။ တခါ ဖတ်ဖူးသလိုပဲ .. .

hana san said...

ကဗျာလေးက ချစ်စရာကောင်းတယ်။

ဒီဇင်ဘာနှင်း said...

အရမ်းကိုကောင်းတယ် မေပျိုရေ

Winkabar said...

သူငယ်ချင်းကို အဓိပ္ပာယ်ဖွင့်ထားတာလေး အရမ်းကောင်းတယ်သဲရေ။

ကောင်းကင်ကို said...

သူငယ်ချင်းဆိုတာ
ဘီယာအတူတူ သောက်လို့ ရသူ။ :D

ဟီးဟီး စတာ။ :D

မောင်မျိုး said...

သူငယ်ချင်းဆိုတာ ဘယ်တော့မှမကုန်တဲ့ မေတ္တာရေချမ်းစင်လေးပါ။ ကဗျာလေးကောင်းတယ် ညီမရေ့ အားပေးနေပါတယ် ။
ပျော်ရွှင်ပါစေဗျာ.။

Saung Yune La (aka) Way said...

ကဗျာလေးကောင်းတယ်ညီမလေးရေ..
အမြဲအားပေးနေပါတယ်...