Saturday, April 26, 2008

စာမေးပွဲရှိလို့ပါ။

ကျမ ၆ရက်နေ့ကျရင် စာမေးပွဲရှိတယ်ဆိုတာ အားလုံးကို ပြောပြီးပါပြီနော်။ အခုဆို စာမေးပွဲက ပိုပိုပြီး နီးနီးလာပါပြီ။ စာတွေကလည်း မရသေးဘူး။ ဘယ်လောက်ကျက်ကျက် မေ့မေ့သွားတော့ တခါတလေ ကိုယ့်ဦးနှောက်တောင် ကိုယ် ခွဲကြည့်ချင်လာပါပြီ။ :P အခုကနေ စာမေးပွဲမဖြေခင်အထိတော့ နက်မသုံးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီတော့ အခြားဘလော့ဂ်တွေကို လာမလည်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်။ စာမေးပွဲ ပြီးမှ ပြန်တွေ့ကြတာပေါ့။

>>မေပျို<<

4 comments:

ဒီဇင်ဘာနှင်း said...

စာမေးပွဲမှာ အမှတ်များများရပါစေနော် ဆုတောင်းပေးနေမယ်နော် ညီမလေးရေ

Winkabar said...

စာမေးပွဲကို အခက်အခဲမရှိပဲဖြေနိုင်ပါစေနော်သဲ။ ဦးနှောက်ကိုတော့ ခွဲမကြည့်ပါနဲ့။ မကြာခင်ရသွားမှာပါ။ :P ။ စာမေးပွဲတွင်းကျတော့ စာကုန်းကျက်လိုက်။ ပြီးသွားရင်တော့ အတိုးချပြီးတော့ နားလိုက်ပေါ့ ဟုတ်လား။ ( ကျောင်းသားတိုင်းလုပ်နေကျလေ ) :D ။

မင်းကျန်စစ်။ said...

စာမေးပွဲသာ အရေးအကြီးဆုံးဗျာ။ နားလိုက် ကျက်လိုက်ပေါ့။ ဖြေနိုင်ပါစေဗျာ။

ကောင်းထက်ထွန်း said...

ကျွန်တော်လည်းစာမေးပွဲရှိတယ်။ဟင့်။ဘာမှမရသေးဘူး။