Thursday, September 20, 2007

မိုးပြာရောင်အိပ်မက်များဧ။်နိဒါန်း


ကျမကငယ်ငယ်ကတည်းက စာဖတ်ခြင်းကိုဝါသနာပါတယ်လေ။ အခုအင်တာနက်မှာ ဘလောဂ့်တွေပေါ်လာတော့ ကျမအတွက် အဆင်ပြေတာပေါ့။ ကျမအကိုနဲ့အမတွေကလည်း ဘလော့ဂ်တွေရေးလာကြပါတယ်။ ဘလောဂ့်တွေမှာရေးထားတာတွေကို ဖတ်ကြည့်ပြီး ကိုယ်ကိုယ်တိုင်ရေးချင်စိတ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်အရမ်းကောင်းတဲ့ ဘလောဂ့်တွေကိုတွေ့ပြန်တော့လည်း ကိုယ်ကသူတို့လို မရေးတတ်ဘူးဆိုပြီး စိတ်အားငယ်ပြန်ရော။ ဒီလိုနဲ့ ဘလောဂ့်ရေးမယ်၊မရေးဘူး သံသရာထဲမှာလည်နေခဲ့ပါတယ်။ အခုတော့လည်း ကျမမေမေနဲ့အမတွေရဲ့ အားပေးမှုကြောင့် ဘလောဂ့်စရေးဖြစ်ပါပြီ။ ကျမရေးတဲ့စာထဲမှာ တခုခုအမှားပါခဲ့လျှင်၊ စာဖတ်ရတာအဆင်မပြေခဲ့လျှင် ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်နော်။ ဒီဘလောဂ့်လေးကို ဘယ်လိုနည်းနဲ့ပဲရောက်လာရောက်လာ ကျမကိုအားပေးခြင်းတစ်ရပ်လို့ ယူဆလို့အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

1 comment:

Anonymous said...

ကြိုးစားပါ သဲရေ…။ အမေချစ်တဲ့ သမီးလေးကို အားပေးနေပါတယ်။ လှေခါးထစ်တိုင်း ကိုတက်ချင်တဲ့အခါတိုင်း အားပေးဖို့အသင့်ရှိနေတယ်။ တထစ်ချင်းစီပေါ့…။
ချစ်တဲ့
မွန်းသက်ပန်