Friday, January 18, 2008

ကျေးဇူးနော်..

ကျမ အွန်လိုင်းမတက်ဖြစ်တာရော၊ ပို့စ်အသစ် မတင်ဖြစ်တာရော အတော့်ကို ကြာနေပါပြီ.။ ဒီလို စာမရေးဖြစ်တဲ့ အချိန်အတောအတွင်းမှာ ကျမကို မမေ့မလျော့ လာလည်ကြတဲ့ သူငယ်ချင်းမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်..။ ကျမတို့ကျောင်းက ကျမပုဂံကိုသွားကတည်းက စဖွင့်နေတာပါ။ ပုဂံကလည်း ပြန်ရောက်ရော ကျောင်းမှာ သင်နေတာတွေက များနေပြီဆိုတော့ အသည်းအသန် မီအောင်ပြန်လိုက်ရပါတယ်.။ ဒါ့အပြင် ကျူရှင်တွေကလည်း တက်ရသေးတယ်ဆိုတော့ ကျမရဲ့၂၄နာရီက တနေ့တနေ့ ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး.။ ဒါ့ကြောင့် အွန်လိုင်း မတက်ဖြစ်တာပါ.။ သူငယ်ချင်းတွေ ဘလော့လည်း သွားမလည်ဖြစ်တာပါ..။ အခုလို နားလည်ပေးကြလို့ အရမ်းလည်း ၀မ်းသာပါတယ်..။ ကျေးဇူးလည်း အများကြီး တင်ပါတယ်ရှင်..။

1 comment:

ထွန်း said...

ကြည့်စမ်းကြည့်စမ်း အတန်းကစ်ပြီး ပုဂံလစ်တာပေါ့လေ။ ပု၈ံအပြန် ဘာပါလာတုန်း...