Friday, January 18, 2008

နားမလည်နိုင်သော..

ဖြစ်ခြင်းနဲ့ပျက်ခြင်း နှစ်ခုတည်းနဲ့
တည်ဆောက်ထားတဲ့
လောကကြီးမှာ
ငါ..နားမလည်နိုင်တဲ့
အရာတွေ များလှပါလား.။

ဒါတွေက..
အမှန်လား အမှားလား
အကောင်းလား.. အဆိုးလား
ဝိုးတ၀ါးနဲ့ မသဲကွဲပါလား..။

တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်ကြီးမှာ
ငါ့အရည်အချင်းကပဲ
အဆင့်မမီတာလား..။
ငါ့အတွေးအခေါ်တွေကပဲ
နောက်ကောက်ကျနေသလား..။

သြော်.. `ဘ´နဲ့ `၀´သာ ပါတဲ့
ဘ၀မို့ပဲနော်..
ဒီ့ထက်သာ စကားလုံးများရင်
ဘယ်လောက်များ ရှုပ်ထွေးမလဲဆိုတာ
မတွေးရဲစရာပဲ..။

ငါ့ဘ၀ကတော့
သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်
နားမလည်နိုင်တာကို
နားလည်အောင် ကြိုးစားရင်း
ပျော်ရွှင်စွာ သို့မဟုတ် ၀မ်းနည်းစွာ
စိုပြေစွာ သို့မဟုတ် ခြောက်ကပ်စွာ
လျှောက်လှမ်းရဦးမှာပေါ့..။

8 comments:

Kaung Kin Ko said...

ကဗျာလာဖတ်သွားတယ် သဲရေ။ သဲတစ်ယောက် ဘဝမှာ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။ :-) :-) :-)

Unknown said...

သဲရေ....
ဘ ကုံးဘနဲ့ ၀ လုံးဝကို အသေအချာ အလေးအနက်ကို
မသိချင်တော့ပါဘူး....။
အဖြစ်အပျက်အပြောင်းအလည်းတွေ မြန်ဆန်လွန်းတဲ့
ဒီလောက ဒီဘ၀ကြီးမှာ....

တောင်းဆုတွေသာ ချွေနေမိခဲ့တယ်။
မိမိအကျိုး လောကအကျိုးကို စောင့်ထိန်းပွားများလိုပါ၏

Chaos said...

ငါ့ဘ၀ကတော့
သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်
နားမလည်နိုင်တာကို
နားလည်အောင် ကြိုးစားရင်း
ပျော်ရွှင်စွာ သို့မဟုတ် ၀မ်းနည်းစွာ
စိုပြေစွာ သို့မဟုတ် ခြောက်ကပ်စွာ
လျှောက်လှမ်းရဦးမှာပေါ့..။

လျှောက်လှမ်းမယ့်လမ်းမှာ
ကြုံလာမယ့် အဆိုးအကောင်းတွေကို
အကျိုးအကြောင်းတွေနဲ့
စိုပြေ ပျော်ရွှင်စွာပဲလျှောက်လှမ်းနိုင်ပါစေနော်

ဆောင်းယွန်းလ said...

သြော်.. `ဘ´နဲ့ `၀´သာ ပါတဲ့
ဘ၀မို့ပဲနော်..
ဒီ့ထက်သာ စကားလုံးများရင်
ဘယ်လောက်များ ရှုပ်ထွေးမလဲဆိုတာ
မတွေးရဲစရာပဲ..။
ရဲရဲသာတွေးပြီး.ရဲရဲလျှောက်ပစ်လိုက်
ညီမလေးလျှောက်လှမ်းရမယ့်ဘဝမှာအစစအရာရာ
အဆင်ပြေမှာပါ

Anonymous said...

ဟုတ်ပါတယ် သဲရေ... ။
တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်ကြီးမှာ
ငါ့အရည်အချင်းကပဲ
အဆင့်မမီတာလား..။
ငါ့အတွေးအခေါ်တွေကပဲ
နောက်ကောက်ကျနေသလား..။
တခါ တခါ အမလည်းအဲလို စဉ်းစားနေမိပါရဲ့...
ချစ်တဲ့
မဇင်

ပန်းခရေ said...

ငါ့ဘ၀ကတော့
သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်
နားမလည်နိုင်တာကို
နားလည်အောင် ကြိုးစားရင်း
ပျော်ရွှင်စွာ သို့မဟုတ် ၀မ်းနည်းစွာ
စိုပြေစွာ သို့မဟုတ် ခြောက်ကပ်စွာ
လျှောက်လှမ်းရဦးမှာပေါ့...။
လျှောက်လှမ်းရအုံးမှာပေါ့
အားလုံးတူတူပဲ
အဆင်ပြေစွာ လျှွှောက်လှမ်းနိုင်ပါစေ
ကြိုက်တယ် ကောင်းတယ်

မျှားပြာ said...

ကဗျာလေး ခံစားသွားပါတယ် မေပျိုရေ ..။

အရာရာ said...

ဒီကဗျာကိုနှစ်သစ်မိတယ်ဗျား