Tuesday, January 1, 2008

နှစ်သစ်ဆုတောင်း..

နေခြည်နုနုနဲ့ အစပျိုးတဲ့
ဇန်န၀ါရီမနက်ခင်းက
နှစ်သစ်ကို
ဖွင့်လှစ်လိုက်တယ်..။

သက္ကရာဇ်တစ်ခု အဆုံးသတ်ပြီး..
သက္ကရာဇ်တစ်ခု စတင်လို့
နှုတ်ခွန်းဆက်သည်

ဇန်န၀ါရီ..။

နှစ်ဟောင်းမှာ..
စွန်းထင်းခဲ့တဲ့ အညစ်အကြေးတွေကို
အတတ်နိုင်ဆုံးဆေးကြောပြီး
ဖြူစင်မှုနဲ့
နှစ်သစ်ကို
ကြိုဆိုပါရစေ..။

ငါ.. တောင့်တမိတယ်..
မျှော်လင့်ခြင်းရောင်ခြည်တွေ
ယှက်သန်းနေပြီး
သစ္စာတရားတွေ ထုံမွမ်းမယ့်
နှစ်သစ်...။

ငါ..လိုချင်မိတယ်..
အမှန်တရားက..
မှားယွင်းမှုကို လွှမ်းမိုး
မြင့်မြတ်မှုက
ကောက်ကျစ်မှုကို အလဲထိုးတဲ့
နှစ်သစ်...။

ငါ.. ဆုတောင်းမိတယ်..
ဝမ်းနည်းမှုတွေ အဆုံးသတ်
ချုပ်နှောင်မှုတွေ ကင်းလွတ်ပြီး
လူသားအားလုံး လွတ်လပ်မှုကို
ပျော်ရွှင်စွာ ခံစားရပါစေသား
အရှင်ဘုရား..။

(အားလုံးပဲ ၂၀၀၈မှာ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒ ပြည့်ဝကြပါစေနော်။)

8 comments:

Sophie said...

သဲဆုတောင်းတွေ အားလုံးပြည့်ပါစေနော်

ဆောင်းယွန်းလ said...

ငါ..လိုချင်မိတယ်..
အမှန်တရားက..
မှားယွင်းမှုကို လွှမ်းမိုး
မြင့်မြတ်မှုက …
ကောက်ကျစ်မှုကို အလဲထိုးတဲ့
နှစ်သစ်...။
ကဗျာလေးကလှတယ်.ပြီးတော့..တောင့်တမိတယ်.လိုချင်မိတယ်..ဆုတောင်းမိတယ်ဆိုပြီးတပိုဒ်ပြီးတပိုဒ်
စနစ်တကျစီးဆင်းသွားပုံလေးကကဗျာကိုပိုပြီးအသက်
ဝင်စေပါတယ်..
တောင်းတဲ့ဆုနဲ့ပြည့်ပါစေဗျာ......

ein said...

နေခြည်နုနုနဲ့ အစပျိုးတဲ့
ဇန်န၀ါရီမနက်ခင်းက
နှစ်သစ်ကို
ဖွင့်လှစ်လိုက်တယ်..။
သစ္စာတရားတွေ ထုံမွမ်းမယ့်
နှစ်သစ်...။ ငါ..လိုချင်မိတယ်..
အမှန်တရားက..
မှားယွင်းမှုကို လွှမ်းမိုး
မြင့်မြတ်မှုက …
ကောက်ကျစ်မှုကို အလဲထိုးတဲ့
နှစ်သစ်...။ ငါ.. ဆုတောင်းမိတယ်..
မေပျို ...ဒီနေရာလေးကကိုကြိုက်တယ်ဗျို့..........

သဇင်ဏီ said...

နှစ်သစ်ဆုတောင်း.. ကဗျာလေးက လှတပတလေးနော်..
သဲအတွက်ဆုတောင်းပြည့်တဲ့နှစ်သစ်ဖြစ်ပါစေကွယ်

ပီကေ said...

နှစ်သစ်မှာ ဆုတောင်းစာနဲ့ မြတ်စွာဘုရားကို စာလွှာပါးထားတယ်ပေါ့။
ကောင်း၏။ ကောင်း၏။
နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ ပျော်ရွှင်နိုင်ပါစေ။
အဟောင်းအဟောင်းတွေနဲ့လည်း အဆင်ပြေပါစေ။

Unknown said...

သဲရေ...
တန်ဖိုးရှိတဲ့ကဗျာလေးပါ.....
စာသားလေးတွေက တပိုဒ်ခြင်းဆီကို အဓိပါယ်ရှိပါတယ်..

လွတ်လပ်ခြင်း..ငြိမ်းချမ်းခြင်း..တွေနဲ့အတူ..
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ...

Chaos said...

ငါ..လိုချင်မိတယ်..
အမှန်တရားက..
မှားယွင်းမှုကို လွှမ်းမိုး
မြင့်မြတ်မှုက …
ကောက်ကျစ်မှုကို အလဲထိုးတဲ့
နှစ်သစ်...။

ဒီအဖွဲ့လေးလှတယ် သဲရေ
ကဗျာလေးကိုခံစားသွားတယ်နော်

Kaung Kin Ko said...

ကဗျာကောင်းတယ်။ ဆက်ကြိုးစား ငှဲငှဲငှဲ :D