Friday, February 1, 2008

ဆုတောင်း=စိုးရိမ်ခြင်း

အလင်းရောင်.. မတွေ့ရဘူး
မှောင်မိုက်နေတဲ့
အခန်းကျဉ်းလေးမှာ..


နွေးထွေးမှု.. လုံးဝမရှိဘူး
အေးစက်နေတဲ့
ကြမ်းပြင်မှာ..

တေးသံများ.. မကြားနိုင်ဘူး
တိတ်ဆိတ်နေတဲ့
ပတ်ဝန်းကျင်မှာ..

ပျော်ရွှင်မှု.. မခံစားရဘူး
ရက်စက်မှုတွေ လွှမ်းမိုးနေတဲ့
ရပ်ဝန်းမှာ..

အဆင်ပြေပါ့မလား…

အိပ်မက်ဆိုးတွေများ မက်နေမလား..

သြော်..ဒီလိုအခြေအနေမှာ
ဘယ်လိုမှ အဆင်မပြေနိုင်တာ
သိနေမှတော့
အန္တရာယ်ကင်းပါစေပဲ
ဆုတောင်းရတော့မှာပေါ့.။

လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ.. ချစ်သောအကိုရေ..

(လွတ်လပ်မှုနဲ့ အမှန်တရားကို မြတ်နိုးတဲ့ ကျမအကိုအတွက်)

21 comments:

Kaung Kin Ko said...

ရင်ထဲက ထွက်ကျ လာတဲ့ ကဗျာလေးက ဝမ်းနည်းစရာ ကောင်းလိုက်တာ။ :-( အဆင်ပြေ သွားပါစေ။

su wai said...

ုစိုးရိမ်ခြင်းတွေနဲ့ ဆုတောင်းပေးကြတာပေါ့ သဲရယ်...ခုချိန်မှာ ဒါပဲ တတ်နိုင်တာကိုး ...

ko thaw said...

လူငယ်တွေကို လမ်းမှန်ကိုလျှောက်စေချင်သူ
ပညာရေးကို မြင့်မားစေချင်သူ
လေလွင့်နေတဲ့ ကလေးငယ်များကိုစာနာသူ
သီချင်းများကို မြတ်နိုးတတ်သူ
စာရေးခြင်းကို ခုံမင်သူ
အပြုံးတွေကို ဝေငှသူ
အကောင်းမြင် …….သူ
………………………….
……………………………
……………………………
ခုများတော့ အမှောင်ကမ္ဘာမှာ…ဒုက္ခများကိုရင်ဆိုင်ရင်း
အားတင်းနိုင်ပါစေလို့နော်………..။

zin zin said...

ခါတိုင်းဆို...
ထမင်းစားချင်တယ် ဆိုတဲ့ အချိန်မှာ ....
ခရမ်းချဉ်သီး အစိတ်ကလေးတွေ အဆင်သင့် ရှိမယ်...၊
အရုပ်ပုံ ဆားပုလင်းကလေး အနားမှာ ရှိမယ်..၊
သံပုရာသီး အစိတ်ခပ်ကြီးကြီး ကလေးတွေလှီးပြီးသား ရှိမယ်...
နောက်...
:-(((((((((((((((((
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ သဲရေ...
..................................
..................................

Chaos said...

အစစအရာရာ
အဆင်ပြေချောမွေ့ပြီး
အမှောင်ကမ္ဘာမှာရောက်နေခဲ့ရင်တောင်
သစ္စာတရားရဲ့ အလင်းရောင်နဲ့ ဒုက္ခသောကတွေကို
ရင်ဆိုင်နိုင်ပါစေနော်

Sophie said...

မမရေ....ရတနာလည်း ဆုတောင်းပေးပါတယ်။

သူတော်ကောင်းကို နတ်တွေ စောင့်ရှောက်မှာပါ

Anonymous said...

သဲနဲ့ အတူဆုတောင်းပေးပါတယ်။ အမြန်ဆုံး အရင်လိုပြန်ဖြစ်နိုင်ပါစေလို့။

Unknown said...

မေပျိုရေ...

ညီမလေးနဲ့အတူ.. ထပ်တူထပ်မျှပါပဲ....
အိပ်မက်တွေတနေ့တော့ အားလုံးဟာ ကောင်းသွားမှာပါ...
လူငယ်ဆိုတာ... လွတ်လပ်ချင်ကြတယ်... ပေါ့ပါးချင်ကြတယ်... စွန့်လွှတ်ချင်ကြတယ်...
ဖော်ထုတ်ချင်ကြတယ်... ဒါတွေဟာ အနာဂတ်အတွက်ပါ...
အားလုံးလှပလာမှာပါ...
မျှော်လင့်ကြအုံးပေါ့...
နင့်နဲ့စွာနဲ့ မကြေကွဲချင်ပါ....
အလှပဆုံးနေ့တွေဆီကို ဦးတည်နေတာ...
တာဝန်တွေကို ကိုယ်ဆီကိုယ်ဆီ... ကျေချင်တယ်...
အနာဂတ်ဆိုတာ... လူငယ်တွေအတွက်ပဲဖြစ်ကိုဖြစ်ရမယ် ...
သဲရေ.... နေသစ်တွေ လှပနေအုံးမှာပါ....။

ဆောင်းယွန်းလ said...

ညီမလေးတောင်းတဲ့ဆုနဲ့ပြည့်စေဖို့အတွက်အကိုတို့လို
လွတ်လပ်သူတွေကအလုပ်တွေအများကြီးလုပ်ဖို့လိုတယ်

Helena said...

သဲ ပြောသလိုပဲနော်။ အဆင်မပြေနိုင်တာသိနေမှတော့ အန္တရာယ်ကင်းအောင်ပဲ ဆုတောင်းပေးကြတာပေါ့။ ခုအချိန်မှာ အမှန်တရားဟာ အစအနရှာမရအောင် ပျောက်နေလေတော့........... ။ :(

နှင်းပွင့်ဖြူ said...

ကဗျာလေး နဲ့ထပ်တူ စိတ်မကောင်းပါဘူး.......
အားလုံးအဆင်ပြေ ပါစေလို့ ဆုတောင်ပေးရုံကလွဲလို့ မတတ်နိုင်တဲ့ ခြေအနေမှာ အာလုံးက ပိုစိတ်မကောင်းကြပါဘူး..
အဆင်ပြေသွားမှာပါ.....

Chit Lay Pyay said...

သဲနဲ့ ထပ်တူ ဆုတောင်းပေးနေပါတယ်၊ အမြန်ဆုံး လွတ်မြောက်ပါစေ လို့

MELODYMAUNG said...

မေပျိုညီမရေ တို့ဆုတောင်းတွေ မြန်မြန် ပြည့်ပါရစေကွာ

Ka Daung Nyin Thar said...

kaတိုက်တိုက်ဆိုင်ဆိုင်ဗျာ.. မေပျိုကို ကိုနေဘုန်းလတ်နဲ့ အထင်မှားမိပြီး ရက်နည်းနည်းကြာပြီး ဒီလိုဖြစ်သွားတာ..
မေပျိုရေ.. အကိုလဲ မေပျို့အကိုအတွက် စိုးရိမ်မိပါတယ်။ ပေါ်လီကျောင်းဆင်းတွေထဲမှာ ကျနော် ပထမဆုံးကြားရ တွေ့ရတဲ့ အဖြစ်အပျက်ပါ။ အင်း.. အမှောင်ထဲမှာ သူ ဘယ်လိုများ လျှောက်နေလိမ့်မလဲ။

P.Ti said...

အားလုံး ဆန္ဒပြင်းပြတော့ အမြန်ဆုံး အဆင်ပြေမှာပါ။ ကျွန်တော်လည်း ပါဝင်ပြီး အဆင်ပြေလို့ ဆုတောင်းပေးပါတယ်။

မြရွက်ဝေ said...
This comment has been removed by the author.
မြရွက်ဝေ said...

သဲနဲ့အတူဆုတောင်းပေးပါတယ် ညီမရယ်။ အန္တရယ်ကင်း ဘေးရှင်းပါစေ။

ရွှန်းမီ said...

အဆင်ပြေပါစေလို့ ၀ိုင်းဆုတောင်းပေးပါတယ်..

Anonymous said...

မေပျိုလေးနဲ့ ထပ်တူဝမ်းနည်စွာနဲ့ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်ဗျာ..........ဒီအချိန်မှာ ကျနော်တို့  ဒါပဲတတ်နိုင်ကြသေးတာလေ................

လှိုင်စုယဉ် said...

ကဗျာလေးက ၀မ်းနည်းစရာကောင်းလိုက်တာ။
လှိုင်စုလည်းမေပျိုနဲ့အတူတူဆုတောင်းမေတ္တာပို့ပေး
မယ်နော်။

Mintasay said...

ဆုတောင်းတာကိုသိပ်မယုံပေမယ့် အကိုလည်းဆုတောင်းပေးသွားတယ်ကွာ...မြန်မြန်အဆင်ပြေပါစေလို့