အားလုံးပဲ  မင်္ဂလာပါနော်။  သူများတွေက ခေတ်မီအောင်  ခဏနားတယ်တဲ့။  ကျမကတော့  ခေတ်မီတယ် ပြောရမလား။  ခေတ်အလယ်ကလားတော့ သိဝူး။  ဒီနေ့  ခရီးသွားမလို့ပါ။  ဘယ်ကိုလဲဆိုတော့  ပုဂံကို..။   ၁၀ရက်နေ့တော့  ပြန်ရောက်မယ်ထင်တာပဲ။  ဒီအတောအတွင်းတော့  လျှောက်လည်နိုင်မှာ  ဟုတ်ဝူးနော်။   ကျောင်းလည်း   စစတက်ချင်း  ပျက်ရတာပဲ။ အဲလို  အပျော်အပါး  မက်တာဗျ။  ဟီးးး  အဓိက ကတော့  ပြန်လာရင်  မုန့်ဝယ်လာမယ်နော်။  ဓာတ်ပုံတွေလည်း  အများကြီး  ရိုက်ခဲ့မယ်လေ။   လက်ဆောင် ပစ္စည်းလိုချင်ရင်တော့  စာရင်းပေးထားခဲ့နော်။  အားလုံးပဲ  ကျန်းမာပျော်ရွှင်ကြပါစေ။ 
Sunday, January 6, 2008
ခရီးသွားလိုက်ဦးမယ်..
          စာရေးသူ ...မေပျို
        
at
10:09 AM
 
Subscribe to:
Post Comments (Atom)
 

 
 
 
9 comments:
ပုဂံအပြန်လက်ဆောင်ဆိုတော့ ဂျင်းဇီးပြား၊ နှမ်းပျစ်၊ ပုံးရည်ကြီး နော်။ :P
လက်ဆောင်မှာတဲ့သူတွေ များနေလို့ မမှာတော့ပါဘူး..။ အားနာတယ်။ မသယ်နိုင်ပဲနေမှာစိုးလို့..။
ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေ ညီမလေး မေပျို..။
လက်ဆောင်မှာရင်ကော သဲကတွေ့မှာမလို့လား။ :P ။ ၀ယ်လာနော် ကြိုက်တာ သာဝယ်လာခဲ့။ အားလုံးယူမယ်။ :D ။ ပျော်ရွှင်သော ခရီးစဉ်ဖြစ်ပါစေနော်သဲ။
လိပ်ဥသွားတူးတာလား။ တူးမနေနဲ့ အချိန်ကုန်တယ်။ လိပ်မကြီးသာ တစ်ခါတည်း ဖမ်းခဲ့။ ခရီးစဉ်တလျှောက် အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ညီမလေးရေ မင်္ဂလာပါ။ မုန့်တွေ အများကြီးဝယ်လာမယ်ဆိုလို့ စရင်းလာပေးတာဗျ။
ပြန်လာရင် ပုံးရည်ကြီး လာပို့ပေးနော်။ ဒီမှာ မစားရတာ ကြာလှပေါ့။ လွမ်းလိုက်တဲ့ ပုံးပုံးလေးရယ်....
သဲလေး.. ပုဂံက စီးကွင့်လှလှထိုးထားတဲ့ အိတ်လေးလက်ဆောင်ပေးရင် ချိတ်အချိုးဘူးနော်.. ဟီး
ပျော်ရွှင်သောခရီးဖြစ်ပါစေသဲရေ
ခရီးသွားတဲ့ တူရီးနှစ်ယောက် အပြန်မှာ ပို့စ်ကုန်ကြမ်းများများ ရလာနိုင်ပါစေ။ ခရီးမှာ ပျော်ရွှင်နိုင်ပါစေဗျာ။
မြကေခိုင်ဇီးတော်ဖီ။ရွက်လှေ ဂျင်းဇီးပြား အဲဒါတွေဝယ်ခဲ့ပါ
Post a Comment