ကျမမှာ  သူငယ်ချင်းလို   ဘာမဆို  တိုင်ပင်လို့ရတဲ့၊  ခံစားရသမျှကို  ဝေမျှခံစားပေးတဲ့၊  ညီအစ်မလို  ရင်းနှီးတဲ့၊  စီနီယာဆရာဝန်တစ်ယောက်လို  အားကျရတဲ့၊  အဒေါ်လို  ချစ်ရတဲ့  တီတီတစ်ယောက်  ရှိပါတယ်။   သူကတော့  အားလုံးလည်း သိပြီးသားဖြစ်တဲ့  မဇင်(မမွန်းသက်ပန်)ပါ။   ကျမဘလော့ဂ်ရေးဖြစ်အောင်  အဓိက တိုက်တွန်းတာလည်း   မဇင်ပါပဲ။   မဇင်ရဲ့တိုက်တွန်းချက်အရရော  ကျမရဲ့ဝါသနာကြောင့်  အခုဆိုရင်  ကျမရဲ့ဘလော့ဂ်လေးက  တော်တော်အသက်ဝင်လာခဲ့တာပါ။  ဒါပေမယ့်  ကျမရဲ့  ကျောင်းစာမှာ ထိခိုက်မှာကိုလည်း  မဇင်က စိုးရိမ်လာပုံရပါတယ်။  ဒါ့ကြောင့်  ကျမအတွက်  ပို့စ်လေးတစ်ပုဒ်  ရေးတင်ပေးခဲ့ပါတယ်။   ပို့စ်လေးနာမည်က   တီတီတာတာပြောတတ်သူ  တဲ့။  အခုလို  ပို့စ်တင်ပေးတဲ့အတွက်  မဇင်ကိုလည်း  ကျေးဇူးနော်။  အားလုံးလည်း  ကျမနဲ့အတူ  မဇင်ရေးပေးတဲ့ ပို့စ်လေးကို  ဖတ်ကြည့်လိုက်ရအောင်။  ပို့စ်လေးကတော့  ဒီမှာပါ။
Monday, January 21, 2008
Subscribe to:
Post Comments (Atom)
 
 

 
 
 
6 comments:
သွားဖတ်လိုက်ပြီသဲရေ။ ဒီလိုအဒေါ်တစ်ယောက်ရှိတာ အရမ်းအားကျဖို့ကောင်းတာပဲ။ သဲ ရည်မှန်းထားတဲ့ပန်းတိုင်ကို အခက်အခဲမရှိပဲ အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ပါစေနော်။
ထပ်ဖတ်သါားတယ်နော်။ :-)
တီတီတာတာပြောတတ်တဲသူ ကို သွာဖတ်ခဲ့ပါရဲဗျာ...
စေတနာတွေ အရောက်ဟပ်နေတာ တွေ့ရတော့
စိတ်ကြည်နူးရပါတယ်...
တစ်လက်စတည်း စာအုပ်တစ်အုပ်လောက်ညွှန်းပါရစေလား..
မောင်ထွန်းသူဘာသာပြန်ထားတဲ့ ရဲတိုက် ကိုဖတ်ကြည်ပါလားဟင်..
AJ cronin ရဲ့ citadel ကိုဘာသာပြန်ထားတာပါ...
ရိုးသားမှု၊ ကျင်ဝတ်ပိုင်းဆိုင်ရာတွေနဲ့ ခေတ်အခြေအနေတွေကြားမှာ
ရုန်းကန်ခဲ့ရတဲ့ စိတ်ထားဖြူဆရာဝန်တစ်ယောက်အကြောင်း
ရေးဖွဲ့ထားတာပါ.... ဖတ်ပြီးသားဆိုရင်တော့ ပိုလို့ဝမ်းသာရတာပေါ့ဗျာ...
လက်ရှိမြန်မာပြည် အခြေအနေတွေနဲ့လည်း သွားတူနေသလားလို့ပါ...
ဆရာမလေးရေ… မရောက်တာကြာတော့ သတိရတာနဲ့ လာလည်ပါတယ်။ တီတီတာတာကိုလဲ သွားဖတ်လိုက်ပါတယ်။ ဒီတူဝရီးတွေ တော်တော်ချစ်ကြတာပဲကိုး။ :)
ဘလော့တွေခုန်ကျော်ပြီးသွားဖတ်ခဲ့တယ်တူမလေးရေ
အရာရာအောင်မြင်နိုင်ပါစေလို့အမြဲဆုတောင်းပေးနေမှာ
ပါ...
ဖတ်လိုက်ပီညီမလေးပျိုမေရေ...
အန်တီကော တူမလေးပါ ရည်မှန်းထားတဲ့ ပန်းတိုင်ကို အခက်အခဲမရှိ လျှောက်လှမ်းနိုင်ပါစေနော်...
Post a Comment