ဟိုတနေ့က  ဘလော့ဂ်တွေ  လျှောက်လည်ရင်း  မလေးမဘလော့ဂ်ရောက်သွားတော့  ခေါင်းစဉ်လေးကို  မြင်တာနဲ့  စိတ်ဝင်စားလို့  ဖတ်ကြည့်လိုက်တယ်။  နာမည်က `ဘ၀ လက်တွဲဖော် ´ တဲ့.။  မလေးမက  အခန်းဆက်ရေးထားတာဆိုတော့   အပိုင်း(၁)၊  (၂)၊  (၃) ကို စိတ်ပါဝင်စားစွာ  ဖတ်ကြည့်လိုက်တာ.။  နောက်ဆုံးကျတော့မှ  ထိတော့တာပဲ။  မလေးမက  tag ထားလိုက်တာမှ  အများကြီးပဲ.။  ကံဆိုးစွာနဲ့ပဲ  အောက်ဆုံးကျမှပဲ  ကျမနာမည်ကို  ရေးထားတာတွေ့တော့တယ်။  ဘယ်တတ်နိုင်မလဲနော်။  ရေးဆိုတော့လည်း  ရေးရတာပေါ့.။  
***
ကျမကတော့   လက်တွဲဖော်ဆိုတဲ့  အသုံးအနှုန်းထက်  ဖူးစာရှင်ဆိုတဲ့  စကားလုံးလေးကို  ပိုနှစ်သက်မိပါတယ်။  လူတစ်ယောက်မှာ ဘ၀တစ်ခု  စပြီးဆိုကတည်းက  အဲဒီ့လူကိုယ်တိုင်က  မသိပေမယ့်  ဖူးစာရှင်ဆိုတာ  ပါလာမှာပဲလို့  ကျမကတော့  ယုံကြည်မိပါတယ်။  ဒီဖူးစာကြောင့်ပဲ  တစ်ခါမှမသိကျွမ်း  မရည်းနှီးဖူးတဲ့  လူနှစ်ယောက်က  အပြန်အလှန်နှစ်သက်ပြီး  ပေါင်းသင်းနိုင်တယ်လို့  ယူဆမိပါတယ်။  ဖူးစာဆိုတာကို  ယုံကြည်ပေမယ့်လည်း  လူဆိုတဲ့  သဘာဝအရ  စိတ်ကူးယဉ်ပုံဖော်ထားတဲ့  ဖူးစာရှင်လေးတော့  ရှိတာပေါ့နော်။  ကဲ.. ကဲ  ရေးတော့မယ်နော်။  စိတ်ကူးထဲက သတို့သားလေးအကြောင်း..။
၁။   မိန်းကလေးတွေအတွက်  သူချစ်က  အသင့်တော်ဆုံးလို့  ပြောလေ့ရှိပေမယ့်   ကျမကတော့   ကိုယ်ချစ်ကိုပဲ  ရှာချင်ပါတယ်။  (  ကိုယ်မနှစ်သက်တဲ့  လူတစ်ယောက်ရဲ့ ပြာပြာသလဲ ဂရုစိုက်မှုထက်စာရင်  ကျမအတွက်တော့  ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့  ဥပေက္ခာပြုမှုကတောင် ပိုပြီးချိုမြိန်မလားပဲ။   ) သူကပါ  ကျမကို  အရမ်းချစ်တယ်ဆိုရင်တော့   ကျမကံကောင်းတယ်လို့ ပြောရမှာပေါ့။
၉။  ဆင်းရဲချမ်းသာကို  မကြည့်ပေမယ့်  ဥာဏ်ရည်ဥာဏ်သွေးကို  အလေးထားပါသည်။ ကျမထက်မတော်ရင်တောင်  ကျမအောက်  မညံ့သူဖြစ်ရပါမည်။
 
အသောက်အစား
၁၅။ ဆေးလိပ်သောက်ခြင်းကိုတော့ လက်မခံနိုင်ပါ။ (ကျမက ဆေးလိပ်နံ့မခံနိုင်ဘူးလေ။ နောက်ပြီး ဆေးလိပ်နံ့ကို ရှူမိရုံနဲ့ ရောဂါရနိုင်တယ် မဟုတ်လား။ )
၁၆။   အရက်တို့  ဘီယာတို့ကတော့  ကိုယ်ဘယ်လောက်တားတား  သောက်မှာပဲမို့  အလွန်အကျွံမဟုတ်ရင်ပဲ  တော်ပါပြီ။  (မိန်းမရှုပ်တဲ့ကိစ္စကတော့  ကျမရဲ့ကံလို့ပဲ  သဘောထားပါတယ်လေ။ နောင်အခါ သူရှုပ်မလား မရှုပ်ဘူးလားဆိုတာကို  ကျမမှ  မသိနိုင်ဘဲလေ။ )
 
 
 

 
 
 
14 comments:
တပည့်ရေ ကြော်ငြာ အဲ စာလာဖတ်သွားတယ်နော်။ ဟီးဟီး။ စတာ။ :D
ညီမ လိုချင်တဲ့အရည်အချင်းတွေအားလုံးနဲ့ ပြည့်စုံသူ တွေ့ပါစေ သဲရေ။
ဟိတ်.. ကိုယ်ချစ်တဲ့သူရဲ့ ဥပေက္ခာရှုခံရတဲ့ အဖြစ်က စိတ်ကူးမှာ အဆင်ပြေပေမဲ့ လက်တွေ့မှာ မခံစားနိုင်ဘူး
ကြီးတော်လေး...ယောင်၍မျှစိတ်ကူး မယဉ်ပါနဲ့
စိတ်ကူးပဲကောင်းတယ်.. ကျန်တာအားလုံးနဲ့ပြည့်စုံတဲ့ သူမျိုးနဲ့ ဖူးစာဆုံပါစေ..
မမ သမုဒယ ပြောတာကို အပြည့်အ၀ ထောက်ခံပါတယ်ဗျို့ ...။
ညီမလေး..လျှောက်လွှာတွေ အများကြီးဝင်လာရင် လေးမနဲ့ ဆိုင်ဘူးနော်..။
ပျိုမေလေးရေ...
စိတ်ကူးထဲ က သူလေးကို ဖတ်သွားတယ်နော်...
အချက်နံပါတ်(၂)အရ ဆိုရင် ဖိုးကာသီချင်းထဲကလိုပေါ့
နောက်တချက်ကိုတော်တော်လေးသဘောကျတယ်
နံပါတ်(၁၁) ခပ်တည်တည်နေသူရဲ့ ရှားရှားပါးပါးအပြုံး
ညီမလေးရေ.နောက်ကောင်းကောင်းနဲ့ဝင်နောက်သွား
တယ်နော်..
တောင်းတဲ့ဆုနဲ့ပြည့်ပါစေကွယ်
နှစ်သစ်ကူးဆုတောင်း နောက်ဆက်တွဲ လာယူနော်
ပုံ
မြှားနတ်မောင် အေဂျင်ဆီ
တော်တော် ရှားမယ် ကလေးမရေ :P
အဆင်ပြေပါစေ ဗျို့ :P
အော် my sis နှယ် လိုအပ်ချက်တွေက များပါကလား တော်ကြာနေ .. နာ့ ညီမ စီစစ် လွန်ပြီး အပျိုကြီးဖြစ်သွားအုံးမယ်နော်.... ဟိဟိ
အားပါးပါး ရှားလိုက်မယ့် ဖြစ်ချင်း။ မျက်လုံး ပြူးပြူးလေးနဲ့ ညားပါစေကွယ် :P
hmm, well said sis.
hoep that u can find ur "dream groom"soon :D
ခပ်တည်တည်နေသူကိုသာ နှစ်သက်တတ်ပြီး ထိုသူ့ထံမှ ရှားရှားပါးပါးအပြုံးကိုသာ မက်မောတတ်ပါသည်။
စိတ်ကူးထဲကသူနဲ့ ပျော်ရွှင်နိုင်ပါစေဗျာ ..။
တူမလေး စိတ်လျှော့ စိတ်လျှော့ …………………..
ဟဲဟဲ
Post a Comment