တစ်နေ့တာအလွဲများလို့ ခေါင်းစဉ်တပ်ထားလို့ ထူးအိမ်သင်အကြောင်းလို့ ထင်နေကြပြီလားဟင်? အထင်မမှားပါနဲ့နော်… အဲဒါမေပျို့အကြောင်းပါ…
မနေ့ကတစ်နေ့လုံးကို အဆင်မပြေပါဘူး။ အဆင်မပြေတာကတော့ တနေ့ကညကတည်းကပါ။ ည၁၀နာရီလောက်မှာ သူငယ်ချင်းက မနက်ဖြန်ကျူရှင်တက်မှာလားလို့ ဖုန်းဆက်ပြီးမေးပါတယ်။ တက်ရင်လည်းသူ့အတွက် မိတ္တူကူးခဲ့ဖို့မှာလိုက်ပါတယ်။ ကျမတို့ကစနေ၊တနင်္ဂနွေဆို တစ်နေ့လုံးကျူရှင်တက်ရတာပါ။ ကျမလည်း မိုးရွာရင် မလာဘူး။ဒုတိယအချိန်မှလာမယ် လို့ပြောလိုက်တယ်။ သူနဲ့ဖုန်းပြောပြီးတော့ မိတ္တူကူးမယ်လည်းလုပ်ရော... အိမ်ကမိတ္တူစက်က ဘာဖြစ်သွားတယ်မသိဘူး။ ပါဝါကိုဖွင့်လို့မရတော့ပါဘူး။ အဲဒီ့မှာစလွဲတာပဲ။ နဂိုကတည်းက ကျူရှင်ကမတက်ချင်၊ မိုးအခြေအနေကိုကြည့်တော့လည်း ဆက်ပြီးရွာမယ့်ပုံပေါ်တော့ ဖေဖေ့ကိုလည်း မနက်ဖြန်လိုက်ပို့စရာမလိုဘူး လို့ပြောလိုက်တာပေါ့။ မနက်အိပ်ရာလည်းထရော မိုးကလုံးဝမရွာပဲကောင်းကင်ကြီးကကြည်လင်နေတာပဲ… မိုးရွာမယ့်ပုံလည်းမပေါ်ပါဘူး။ ဖေဖေ့ကိုလည်းလိုက်ပို့ဖို့ ပြောမထား၊ သူငယ်ချင်းကူးခိုင်းတဲ့ မိတ္တူကလည်းမကူးရသေးတော့ ကျူရှင်မတက်လိုက်ရဘဲ အိမ်မှာပဲနေလိုက်ရပါတယ်။ အဲဒါကမေပျိုရဲ့ပထမအလွဲပေါ့…class="MsoNormal"> ကျမတို့ဒုတိယကျူရှင်က ကျောက်မြောင်းမှာပါ။ ၁၂နာရီစမှာဆိုတော့ ၁၀နာရီလောက်ကတည်းက ပြင်ဆင်၊ဘလော့ဂ်အတွက်ပို့စ်တစ်ပုဒ်ရေး၊ တင်ဖို့အချိန်ကလည်း မမီတော့သိမ်းထားပြီး အိမ်ကထွက်ပါတယ်။ မနက်ကတော့နေသာတော့မလိုနဲ့ အခုကျတော့လည်း မိုးကပျင်းစရာကောင်းလောက်အောင် တဖြောက်ဖြောက်ရွာနေပါတယ်။ ကျမလည်းဘတ်စ်ကားစီးရမှာ ပျင်းတာနဲ့ တက္ကစီငှားလိုက်ပါတယ်။ တက္ကစီသမားကလည်း မတန်တဆဈေးတောင်းပြီး ကျမအတင်းစစ်တော့မှ ၁၅၀၀နဲ့ဈေးတည့်သွားပါတယ်။ (မြန်မာကျပ်ငွေကို ပြောတာနော်) ကျမလည်းဟိုငေးဒီငေးနဲ့ လိုက်သွားပါတယ်။
အဲ…ကျူရှင်နားလည်းရောက်ခါနီးရော ဖုန်းကတတီတီ မြည်လာပါတယ်။ ဘယ်သူလဲလို့ကြည့်လိုက်တော့ ဖုန်းမှာပေါ်နေတဲ့နာမည်က ကျမရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက်… ဖုန်းလည်းကိုင်လိုက်ရော ကျူရှင်ကမရှိဘူးတဲ့။ ဆရာမရေကြီးနေလို့မလာဘူးတဲ့… ကျူရှင်အိမ်ကအမကြီးပြောတာတဲ့… ကျမလည်းဝမ်းသာအားရနဲ့ တက္ကစီဦးလေးကြီးကို ပြန်လှည့်ခိုင်းတာပေါ့။ ကျမကဘလော့ဂ်မှာ ပို့စ်တင်ဖို့စိတ်စောနေတာကို…သူကလည်းခုနက ကျမဈေးအတင်းစစ်ထားတာကို သိပ်ကြည်ပုံမရပါဘူး။ ကျမကိုပိုက်ဆံပိုပေးရမယ်တဲ့။ ကျမကလည်းရတယ်ပေါ့။ ကျမတို့စူပါဝမ်းနားလောက်လည်းရောက်ရော… ကျမဖုန်းကထပ်မြည်ပါရော… ကျမလည်းဘယ်သူလဲဆိုပြီးကြည့်လိုက်ရော ခုနကဆက်တဲ့ ကျမသူငယ်ချင်းပဲဖြစ်နေပြန်ရော… ကိုင်ကိုင်ချင်းပဲသူက ကျူရှင်ကရှိတယ်တဲ့။ အဲဒီ့အမကြီးက ဆေးဝါးကျွမ်းကျင်ရဲ့ ကျူရှင်အချိန်နဲ့ မှားပြောတာတဲ့။ ဒါကတော့မေပျိုရဲ့ ဒုတိယအလွဲပေါ့လေ…
ဒါပေမယ့်ကျမကအခြားသူမှမဟုတ်တာ။ မေပျိုဘဲ။ဘယ်ရမလဲ။ တက္ကစီသမားကြီးကလည်း ထပ်ပြီးပြန်လှည့်ခိုင်းရင် ကျမကိုထရိုက်ဖို့ပဲရှိတော့တယ်။ ဒါနဲ့ကျမလည်းသူငယ်ချင်းကို "ငါ့ကိုကံတရားက ကျူရှင်မတက်စေချင်တာ ငါလည်းလုံးဝမတက်ဘူး" လို့ပြောပြီးအိမ်ကိုတန်းပြန်တာပေါ့။ အိမ်မှာပို့စ်အသစ်တင်ဖို့အတွက် ပုံတွေလည်းစုရဦးမယ်လေ။ ကျူရှင်မတက်ဘူးဆိုတော့ ကျမအတွက်အဆင်ပြေတာပေါ့။ ကျမကားပေါ်ကလည်းဆင်းရော ခုနကတဖြောက်ဖြောက်ရွာနေတဲ့မိုးက အသည်းအသန်ကိုရွာချပါလေရော… ကံဆိုးမသွားရာမိုးလိုက်လို့လာလို့ ပြောရမလားတောင်မသိပါဘူး။ ကျမလည်းကျူရှင်လည်း မတက်ရ၊ ကားခလည်းကုန်၊ မိုးရေကလည်းရွဲနဲ့ စိတ်ကိုညစ်သွားတာပဲ။
အဲဒါနဲ့ဖြစ်သမျှအကြောင်း အကောင်းလို့သတ်မှတ်ပြီး အိမ်ထဲကိုဝင်လာပါတယ်။ အ၀တ်အစားပြန်လဲပြီး ပို့စ်တင်မလို့ကွန်ပျူတာကို ဖွင့်ပါတယ်။ ကွန်ပျူတာကဖွင့်ဖွင့်ချင်း တော်တော်နဲ့တက်မလာ။ တက်လာပြန်တော့လည်း တော်တော်နဲ့ freedom ကဖွင့်မရ။ ကျမကလည်းစိတ်မရှည်တော့ ခဏခဏrefresh လုပ်။ အဲဒီ့မှာတင်အချိန်ကတော်တော်ကြာသွားတယ်။ အားလုံးလည်းရပြီး စရိုက်မလို့ပဲရှိသေးတာ။ ဘာမှမသိဘဲ ကွန်ပျူတာကကျသွားရော။ ကဲဒီလောက်ဆိုသိပါပြီ။ မေပျိုတို့လွဲပြန်ပြီပေါ့။
ပို့စ်ကတင်လို့မပြီးသေးတဲ့ အချိန်မှာပဲ နောက်ကျူရှင်တစ်ခုစမယ့်အချိန်ကနီးလာပြီ။ အဲဒါနဲ့ ရေးထားတာကို သိမ်းပြီးတော့ ကျူရှင်ကိုထွက်လာပါတယ်။ မနက်တက္ကစီခကလည်းတော်တော်ပေးလိုက်ရတော့ ဒီတစ်ခေါက်တက္ကစီနဲ့ သွားလို့မဖြစ်တော့ပါဘူး။(ဘားဂျက်ထိခိုက်သွားမှာစိုးလို့...:-P) ဘတ်စ်ကားကလည်း အကြာကြီးစောင့်ရပါသေးတယ်။ တစ်စီးလာလိုက်၊ကျမစီးရမယ့်ကားမဟုတ်လိုက်။ ကျမစီးရမယ့်ကားကျပြန်တော့လည်း မှတ်တိုင်မှာလုံးဝမရပ်။ ကျမလည်းစောင့်ရင်းစောင့်ရင်းနဲ့ မလာတဲ့အဆုံး ကျူရှင်မတက်တော့ဘူး။ အိမ်ပဲပြန်တော့မယ်ဆိုပြီး ပြန်လာပါတော့တယ်။ ဒါတောင်မှတော်သေးတယ်။ လမ်းမှာခလုတ်တိုင်ပြီး မှောက်လျက်လဲမလို့။ သြော်…ဒီနေ့တော့ မေပျိုတို့အတွက် ကံမကောင်းပါလားနော်….
No comments:
Post a Comment