မိုးလင်းပြီဆိုတဲ့အသိနဲ့   မျက်လုံးနှစ်လုံးက  သူ့အလိုလို  ပွင့်လာတယ်…။  ပထမဆုံး  အတွေးထဲ  ၀င်လာတာကတော့   ဒီနေ့စာတစ်ပုဒ်တော့   ရေးရမယ်လို့ပေါ့…။  ကျမစာမရေးဖြစ်တာ  ကြာနေပြီ   မဟုတ်လား…။  tagရာသီ  စကတည်းက  ဆိုပါတော့…။  tagတာတွေပဲ  ရေးနေခဲ့တာလေ…။  အတွေးတွေကို   မေ့ထားခဲ့တာ  ကြာပါပြီ…။  အတွေးကို  မရေးဘဲ  ရေးရမယ့်ခေါင်းစဉ်ကိုပဲ   တွေးနေခဲ့တာပါ…။  ဟိုတစ်နေ့ကတော့ နတ်ကလေးက  စီဘောက်စ်မှာ  လာအော်သွားပါရော…။  ကိုယ်တိုင်ရေးလေးလည်း  ရေးပါဦးတဲ့…။  သူပြောမှပဲ   tagအိပ်မက်ရှည်က  လန့်နိုးတော့တယ်…။  ငါ့အတွေးနဲ့  မရေးတာတောင်  ကြာခဲ့ရောပေါ့  ဆိုပြီးလေ…။  ဒါပေမယ့်  မတွေးတာ  ကြာလို့နဲ့တူတယ်…။   ရှိနေကျ  အတွေးတွေက  ကျမကို  လက်ပြပြီး  နှုတ်ဆက်သွားသလား  အောက်မေ့ရတယ်…။  ခေါင်းထဲမှာ  ဘာအတွေးမှကို  ကျန်မနေတော့ပါဘူး…။ 
နိုးနိုးချင်း  စဉ်းစားမရသေးလို့နဲ့   တူပါတယ်ဆိုပြီး  စိတ်ကိုခဏလျှော့ထားလိုက်တယ်…။  စိတ်ကို  ဘယ်လောက်ပဲ  လျှော့ထားလျှော့ထား  စာရေးရမယ်ဆိုတဲ့အသိက  ၀င်နေပြန်ရော…။  ဒီလိုနဲ့  သွားတိုက်ရင်းနဲ့လည်း  စဉ်းစားနေတာပဲ…။  သူများရေးထားတာပဲ  တင်လိုက်ရင်ကောင်းမလား…။    သီချင်းလေးတွေပဲ   တင်ရင်ကောင်းမလား…  နဲ့  စဉ်းစား၊ စဉ်းစား…။  ဘယ်လိုပဲ  စဉ်းစား စဉ်းစား  အတွေးတွေက ပေကပ်ကပ်နဲ့  ကျမဆီ  ရောက်မလာပါဘူး…။ သနပ်ခါးသွေးရင်းနဲ့  တွေးနေပြန်တော့လည်း  အတွေးလွန်ပြီး  ကိုယ့်လက်ကိုယ်တောင်  သနပ်ခါးတုံးနဲ့  ဖိမိပြန်ရော…။  ကိုယ်လက်သန့်စင်ပြီးတော့လည်း  ဘုရားရှိခိုးတဲ့အချိန်မို့လို့   စာရေးရမယ့်ကိစ္စကို  မေ့ထားလိုက်ပါတယ်…။   
.....ဟိုင်း…. ဟိုင်း….
....မောနင်း…..
.......ဘာညာသာရကာ....
…နေကြာ ကွာစိ......
………ဟိုဟိုဒီဒီ..…….
....မတွေ့တာကြာပေါ့…
………………..
စတာတွေနဲ့   ကျမရဲ့အချိန်တွေက  ကျမကို  နှုတ်မဆက်ဘဲ  ထွက်သွားကြပြန်တယ်…။   ဘလော့ဂ်တွေ  လိုက်ဖတ်ပြန်တော့လည်း   ကိုယ့်ဘာသာတောင်  အားငယ်လာတယ်…။  အသစ်တွေ  အများကြီး  ရေးတဲ့လူကရေး…။  ပုံလေးတွေ  တင်တဲ့လူကတင်နဲ့….။   ကျမဘလော့ဂ်လေးကို  တဖြည်းဖြည်း  သနားလာတယ်…။   သူ့ခမျာ  မျက်နှာငယ်ရှာမှာပဲ…။   သူ့ရဲ့သခင်  ကျမက  စာလည်းမရေးဘဲနဲ့  သူ့ကိုပစ်ထားမိနေပြန်ရော…။  စာရေးဖို့  ကုန်ကြမ်းလည်း  မရဘဲ  အားတောင်ငယ်လာသေးတယ်…။   ဒါနဲ့  ဂျီတော့ထဲက  အမြန်ပြန်ထွက်…။   ကွန်ပျူတာကို   မြန်မြန်ပြန်ပိတ်ပြီး  စာရေးစားပွဲမှာ  ထိုင်လိုက်တယ်…။  အတွေးတွေကို   ဒီအတိုင်း   လွှတ်ထားလို့  မရတော့ဘူးလေ…။   အတွေးတွေကို  ဆုပ်ကိုင်မယ်ဆိုတဲ့  ရည်ရွယ်ချက်နဲ့   မျက်လုံးလေးမှိတ်ပြီး  အာရုံစုစည်းနေတုန်း  ရှိသေးတယ်…။
အာ…။ ဖုန်းလာနေပြီ…။  ဒါနဲ့  ကျမလည်း  မြန်မြန်ပြောပြီး  ပြန်ချမယ်ဆိုပြီး  လှမ်းကိုင်လိုက်တယ်…။
...ဟယ်လို….
...သဲလား..။ 
အင်း… ဟုတ်တယ် သီရိပြော…
ငါတို့ရုပ်ရှင်သွားကြည့်မလို့…( ငါ့ကိုခေါ်တော့မယ်  ဒုတ်ခပဲ )
သြော်.. ဟုတ်လား…
အဲဒါ  နင်လိုက်ရမယ်နော်.. ငါလက်မှတ်ကြိုမှာပြီးသား..(ဟိုက်  သေပြီ)
အင်… ငါသွားစရာ…
အမယ်  လာလိမ်မနေနဲ့… ငါနင့်အမေကို  မေးပြီးပြီ ( မလိုက်ချင်ပါဘူးဆို)  
……………..
နင်မလိုက်ရင်  ငါတို့ကို  မခင်လို့ဘဲ ( မခင်ဘူးဟေ့.. မခင်ဘူး )
အင်း အင်း  ဘယ်တော့လဲ….
အခုနေ့လည် ၁၂နာရီခွဲပွဲ… နင်အခုပဲ  လာခဲ့တော့ (ဟာ စာလည်းရေးရသေးဘူး.)
...အင်း….
ဆက်နားထောင်ကြည့်တော့  ကျမတို့အဒေါ်တွေ  လာလည်ကြတာ  ဖြစ်နေတယ်…။  ပထမတော့  အိပ်ချင်ယောင်ဆောင်မလို့  လုပ်သေးတယ်…။  
 
 

 
 
 
7 comments:
မရေးဖြစ်လိုက်တဲ့ စာတွေနဲ့
တင်ထားတဲ့ ပို့စ်လေးကို
လာဖတ်သွားတယ်ကွ။
တူများတွေများ မရေးဖြစ်တာတောင်
ပို့စ်ကောင်းလေးဖြစ်သကွ။
အားကျတယ်။
ကျသွားပြီ။
ပြန်ကောက်လိုက်ဦးမယ်။ :P :P
ပို့စ်ကောင်းလေးတွေ မျှော်နေပါတယ်
ချစ်ညီမငယ် သဲနုလေးရေ
အားပါး ကောင်းလိုက်တဲ့ ပို့စ်လေး..
တကယ်ပြောတာ နော်ဗျ ...
ကျနော် မှလဲ အဲ့လို ရေးထားတာရှိတယ်
တင်တော့ မတင်ရသေးဘူး...
ဟလို..
သဲလား။ အားမငယ်ပါနဲ့။ အခုလို နေ့စဉ်မှတ်တမ်း ဆန်ဆန် လေးတွေ ကိုပို့စ်ရေးပြီး တင်ရင်လည်း ရေးတတ်တဲ့လူတွေ ရေးရင်ဖတ်လို့ ကောင်းပါတယ်။ ပုံမှန်အားပေးနေတယ်။
စာမရေးဖြစ်လို့သာ...
ရေးများရေးဖြစ်ရင်....
ဖတ်ရတာ မတ်စိတောာင်ကိုက်သွားတယ်။
ချစ်သော
နှင်းဆီနီနီ။။
ဒါနဲ့ စကားမစပ် ဘယ်မင်းသားနဲ့ မင်းသမီးတုန်း ရုပ်ရှင်က။
မရေးဖြစ်တော့လည်း မဖတ်ဖြစ်ရုံပေါ့ကွာ။
အင် .....
ဒါဆို ဘယ်သူရေးသွားတာလဲ။
မရေးထားဘူးနော်။ ဒါဆိုမဖတ်သွားတော့ဘူး။
ရေးပြီးရင်လာခေါ်လိုက်နော်။ :P
Post a Comment