အားလုံးပဲ  မင်္ဂလာပါနော်။  ကျန်းခမ်းသာလို့  မာပါစ။ ကျမလည်း  ၁၀ရက်နေ့ ပြန်ရောက်မယ်ဆိုပြီး  သွားလိုက်တာ  ၁၁ရက်နေ့မှ  ပြန်ရောက်ဖြစ်တယ်လေ။   ၁၁ရက်နေ့က  မနက်၆နာရီလောက်  အိမ်ပြန်ရောက်တယ်။  ကျမက  ကားပေါ်မှာလည်း  မအိပ်တတ်တော့  တစ်ညလုံး  ထိုင်ရက်နဲ့  မိုးလင်းတာပဲ။  အိမ်ရောက်တော့လည်း  အဖိုးအဖွားတွေဆီ  သွားနှုတ်ဆက်တာနဲ့  မအိပ်ရပြန်ပါဘူး။  ကျောင်းကလည်း  ပျက်ထားတာ ၃ရက်တောင်  ရှိပြီဆိုတော့  သွားတက်ရတယ်လေ။  ဒါ့ကြောင့်  မနေ့က  အားလုံးကို  မနှုတ်ဆက်ဖြစ်တာ  တောင်းပန်ပါတယ်နော်။   ပုဂံမှာ  ၀ယ်ခဲ့တဲ့  လက်ဆောင်တွေ  တင်ပေးမယ်နော်။  ဘလော့ဂါ  ကိုကို၊မမတွေရော၊   ညီမလေး၊ မောင်လေးတွေရော  လက်ဆောင်တွေ ယူကြပါ။ လုတော့ မလုကြနဲ့နော်။
သော့ချိတ်လေးတွေလည်း ၀ယ်လာတယ်။ တစ်ယောက်တစ်ခု ယူကြနော်။
အားလုံးပဲ ပျော်ရွှင်ပါစေနော်။
 
 

 
 
 
16 comments:
ထမင်းချိုင့်ထည့်ဖို့ခြင်းက တော့အသုံးအ၀င်ဆုံးပဲ။ လက်ဆောင်တွေအတွက်ကျေးဇူးတင်တယ်နော်သဲ။
ရတနာလေ .........
သူများအတွက် မချန်ချင်လို့တော့ ဟုတ်ပါဖူး။ အားလုံးထဲမှာ ရတနာက အငယ်ဆုံးမလား။ အဲတော့ အားလုံး ယူသွားပြီ။
ဟိဟိ
ဘယ်သူ့အတွက်မှ ချန်ဖူးနော်။ ရတနာ သေသေချာချာကို နေ့တိုင်း မှာရတာမို့ ယူသွားကြောင်းပါ ကိုကို၊ မမတို့ရေ.........။
လိုချင်ရင် ရတနာ့ကို လာပြောနော်။
သဲရေ............ကျေးဇူး။
အားလုံးကို ကြိုက်တယ်။ သော့ချိတ်လေးတွေကလည်း လှတယ်။ ခြင်းလေးကလည်း မိုက်တယ်။ ခွက်လေးတွေကလည်း ခိုက်တယ်။ စားစရာတွေလည်း ရှယ်ဘဲ။
ကျေးဇူးနော်။ သဲကိုလည်း ရတနာက လက်ဆောင်ပြန်ပေးမယ်။
ဟေး ... မုန့်တွေ ငါ့အတွက် ချန်ထားဦး ... အကုန်စားမပစ် လိုက်နဲ့ဦး ... ဘာမှ မကျန်လို့ကတော့ စင်ကာပူက ၀ယ်လာတာတွေ တစ်ခုမှမပေးဘူး ...
အဟီး ...
ဟေ့ ဟေ့ .... အာ .....
မလုနဲ့လေ။ နောက်တောင်ကျ နေပြီ။
များများစားစား ၀ယ်လာမယ် မရှိဘူး။ အခုကြည့်။ ရွေးစရာတောင် သိပ်မရှိတော့ဘူး။ တော်ပြီ မရွေးတော့ဘူး၊ ရတာပဲ ယူသွားတယ်။ တော်ကြာ အရွေးကောင်းနေရင် ကိုယ့်အတွက်ပါ ပြောင်မယ်။ ယူသွားပြီနော် ငြီမငေး ;P
ဟေး ဇီမ်ဂျင်းဇီးပြားပါသကွ။ မသွားပြိ ဘာမှချန်မထားခဲ့ဘူး ကတွတ်ယိုကလွဲလို့ ။
ဟေး ဇီမ်ဂျင်းဇီးပြားပါသကွ။ မသွားပြိ ဘာမှချန်မထားခဲ့ဘူး ကတွတ်ယိုကလွဲလို့ ။
ဟေး ဇီမ်ဂျင်းဇီးပြားပါသကွ။ မသွားပြိ ဘာမှချန်မထားခဲ့ဘူး ကတွတ်ယိုကလွဲလို့ ။
သဲရေ...သော့ချိတ်လေးတစ်ခု ယူသွားတယ်နော်...အသည်းပုံလေးနဲ့ သော့ချိတ်လေး...။ အမက ဂျင်းဇီးပြား အရမ်းကြိုက်တာ...ဒါပေမယ့် လင်းက အကုန်မသွားပြီ ဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲနော်...။ ကိုယ်က လာတာ နောက်ကျသွားတာကိုး...။
နောက်ကျသွားတော့ ကုန်ပြီ။ ဘာမှ ကို မကျန်တော့ဘူး။ မကျေနပ်ဘူးတွ။ :P
သဲလေးရေ.. စီးကွင့်အိတ်နဲ့ ဗေဒါနဲ့လုပ်တဲ့အိတ်လေးမသွားတယ်..
ကျေးဇူးနော်..
အိတ်လေးတွေမိုက်တယ်
ဇီးယိုလဲငတ်ငတ်နဲ့တွယ်သွားတယ်
ပါဆယ်လဲထုတ်တယ်
လာတာနောက်ကျသွားတယ်။ သူများတွေ ယူသွားပြီ ဟင့်! ကျန်တော့ဘူး။
ပျို မေ လေးရေ !
အမ လဲ လာမ သွားတယ်နော.........ဟဟ၊
ဖြစ်တယ်ဟုတ်..........
အများကြီးပေါ့လေ လက်ဆောင်တွေက...။
နောက်ကျမှရောက်လာလို့ လက်ဆောင်ဘာမှ မရလိုက်ဘူး။ သဲဓါတ်ပုံလေးပဲ လက်ဆောင်အဖြစ် တောင်းတော့မယ်။ ပေးနော်။
မန်ကျညျးတော်ဖီ လာယူသွားတယ်..
း)
သဲရေ နောက်ကျလို့ လက်ဆောင်တွေ ရှိတောဘူး၊ သဲ ၀ယ်လာတဲ့ လက်ဆောင်တွေ အားလုံးကြိုက်တယ်၊ သော့ချိတ်လေးလဲ မိုက်တယ်၊ တခါမှ မမြင်ဖူးဘူး၊ သူများတွေ ယူသွားပေမယ့်လေ၊ သဲအတွက် ဖယ်ထားတာ ကျန်သေးတယ် မဟုတ်လား၊ မမ သိပါတယ်၊ အဲဒါလေး တ၀က်ခွဲပေးနော်နော်။
Post a Comment