Wednesday, November 7, 2007

အိတ်ထဲမှာ ဘာရှိသလဲ...

အခုတလော tag တာတွေက တယ်များသကိုး…။ ဆောင်းတွင်းအေးအေးပြီးတော့ လာပါပြီ နောက်တစ်ခု…။ မီးလေးက ရှိတာအကုန်ထုတ်ပါတဲ့…။ ထုတ်ဆိုတော့လည်း ထုတ်တာပေါ့…။ ပြီးတော့မှ လန့်မသွားကြနဲ့နော်…။ ကျမက ပိုက်ဆံအိတ်တွေ ကိုင်လေ့ကိုင်ထ မရှိပါဘူး…။ ကျောင်းသွားရင်လည်း ကျောပိုးအိတ်ပဲ လွယ်ဖြစ်တာပါ…။ ကျောပိုးအိတ်ဆိုတော့ ကိုယ်ထည့်ချင်တာ မှန်သမျှ အားလုံးလိုလို ထည့်လိုရတယ်လေ…။ ကဲ… ဖွင့်ပြီနော်…။

ပထမဦးဆုံးထွက်လာတာကတော့….


လောက်လေးဂွ ( လန့်သွားကြလားဟင်…။ လမ်းပေါ်မှာ အမြင်မတော်တဲ့ အတွဲတွေကိုတွေ့ရင် ပစ်ရအောင် လိုလိုမယ်မယ် ထည့်ထားတာပါ... အားလုံးလည်း သတိထားဦးနော်.. တော်ကြာ ကျမလောက်လေးဂွစာမိနေဦးမယ်…ဟိဟိ)

နောက်တစ်ခုကတော့
ဖန်ဂေါ်လီလုံး (ကျောင်းမှာ အားနေရင် ဂေါ်လီရိုက်ဖို့ပါ… ရိုက်ချင်ရင် စာရင်းကြိုပေးထားနော်…)

တွယ်ချိတ် (ဒါလေးကတော့ ဘတ်စ်ကားပေါ်မှာများ ခါးပိုက်နှိုက်နဲ့ တွေ့ရင် နာနာလေး ထိုးရအောင်လို့ပါ… ဒီအကြံ မိုက်တယ်ဟုတ်…)

သားရေပင် (ကြည့်မရတဲ့သူ တွေ့ရင် ခြုံခို တိုက်ခိုက်နိုင်အောင်လို့… မေပျို ကြည့်ရအောင် နေကြနော်...ဟတ်ဟတ်ဟတ်)

သော့( လမ်းမှာဝက်ရူးပြန်တဲ့လူတွေ တွေ့ရင် ကူညီရအောင်လို့ပါ… ဟိဟိ)

လက်ကိုင်ဓားသေးသေးလေး (ဒါတွေက မိန်းကလေးဆိုတော့ အသုံးဝင်တယ်လေ… ကိုယ့်ကိုယ်ကို ကာကွယ်ရမယ် မဟုတ်လား…)

ကဲ… နောက်တာတွေလည်း ဒီလောက်ဆို တော်သင့်ပြီနော်…။ တော်ကြာ အတည်ထင်ပြီး သူများကို လာခေါ်နေဦးမယ်…။ သူတို့တွေက အဲဒီ့အကျင့်ရှိတယ်လေ...။ သိတယ်ဟုတ်...။ အခု အတည်ရေးပြီနော်…။ အတည်… အတည်…။

ပထမဦးဆုံးကတော့
ကျောင်းသားကဒ်ကလေး (တခါတခါ သူက သိပ်အသုံးဝင်တာ…)

ပိုက်ဆံအိတ်လေး (ပိုက်ဆံအိတ်ဆိုမှတော့ ပိုက်ဆံထည့်ထားတာပေါ့…။ ဒီခေတ်ကြီးမှာက ပိုက်ဆံမပါရင် လူကိုလူလို့တောင် မအောက်မေ့ဘူးလေ…)

ဟမ်းဖုန်း (မလိုအပ်တဲ့အခါ အသံထထမြည်တတ်ပြီး လိုအပ်လို့ ဆက်မယ်လည်းဆိုရော လိုင်းက မမိတော့ဘူး တော်တော်ကောင်းတဲ့ ဆက်သွယ်ရေးကိရိယာ…)

i-Pod (ဒါလေးကလည်း လိုတယ်ဟုတ်…)

သော့( ဒီတစ်ခါတော့ ၀က်ရူးပြန်တွေကို ကုဖို့ မဟုတ်ဘူးနော်…။ ကားမောင်းဖို့…။ ဟိဟိ)

ဘောပင်ထည့်တဲ့အိတ် (ကျမက ဘောပင်ခရေဇီလေ…။ ဘောပင်တွေကို ရောင်စုံရေးမှ သဘောကျတာ…။ )

စာအုပ်ကြီးတွေ (ဘယ်ဘ၀က ရေစက်ကြောင့်မှန်းမသိဘူး…။ စာအုပ်ထူထူကြီးတွေကို သယ်ရတဲ့ ဒုက္ခ…)

ခေါက်ထီး (မိုးရွာရင် ဆောင်းဖို့…။ နေပူလို့ကတော့ လုံးဝကို မဆောင်းတာ…။ ပျင်းလို့.. လိုက်နှောင့်ယှက်တဲ့လူတွေ့ရင်တော့ ဒေါင်… ကနဲနေအောင် ခေါက်ဖို့… မိုက်တယ်နော်...ဟိဟိ)

ကဲ… ဒါအကုန်ပဲ မီးလေးရေ…။ ကျေနပ်တော့နော်…။

3 comments:

Anonymous said...

တူမလေး စိတ်လျှော့ စိတ်လျှော့ …၊ ပါချုပ် ခေါ်ရင် အမ လိုက်မတွေ့နိုင်ဘူး ။ လူကြီးကို မျက်နှာပျက်အောင်မလုပ်နဲ့နော် ...

မွန်းသက်ပန် (ဆေး-၁)

မျှားပြာ said...

ဂေါ်လီရိုက်ချင်တယ်ဗျာ .. ဒါမှမဟုတ် . အကြွေစေ့ထပ်ရအောင် ... ဟတ် ဟတ် ဟတ် ..

ကလိုစေးထူး said...

တူမဆိုတော့ အဒေါ်လောက်တော့ အိတ်မကြီးရှာသေးဘူး။ :P