Thursday, November 8, 2007

သီချင်းကောင်းကောင်း

ကျမ စိတ်ညစ်တဲ့အခါတိုင်း နားထောင်လေ့ရှိတဲ့ သီချင်းလေးတစ်ပုဒ်ပါ…။ အကို့ဖုန်းထဲက ယူထားတာမို့လို့ တေးဆိုရော တေးရေးပါ မသိပါဘူး…။ သီချင်းလေးနာမည်က ပုံပြင်တဲ့…။ သိတဲ့လူများရှိရင် လာပြောကြဦးနော်…။ လောကကြီးမှာ မျှော်လင့်တိုင်း မဖြစ်တဲ့ အကြောင်းလေးကို ရေးဖွဲ့ထားတာပါ…။ နားထောင်ကြည့်ကြဦးနော်…။



မျှော်လင့်တိုင်း မဖြစ်တဲ့ ဒီကမ္ဘာကြီးမှာ.... အိပ်မက်များကို ဖူးပွင့်စေဖို့ ပန်းဥယျာဉ်ကြီး တစ်ခုကို လိုက်ရှာ.... ခံနိုင်ရည်ရှိဖို့တော့ တကယ်လိုအပ်တယ် လူ့လောကကြီးရဲ့ ထိုးနှက်တဲ့ ရိုက်ချက်တွေ ပြင်းထန်... ငယ်ငယ်ကလေးဘ၀က မက်ခဲ့တဲ့ ပုံပြင်များ... ငယ်ငယ်ကလေးဘ၀က တက်ခဲ့တဲ့ မူကြိုကျောင်း.... အိပ်မက်များမက်တတ်အောင် သင်ပေးပြီးမှ....

{ တခုခုတော့ မှားနေသလိုပဲ မက်ခဲ့တဲ့ ပုံပြင်များ အားလုံးဟာ အိပ်မက်ပဲကွယ်... တခုခုတော့ မှားနေသလိုပဲ မက်ခဲ့တဲ့အိပ်မက်များ အားလုံးဟာ အိပ်မက်ပဲကွယ်.... တခုခုတော့ မှားခဲ့ပြီပဲ လောကကြီးမှာ အိပ်မက်ပျိုးကြဲဖို့အတွက် နေရာမရှိပါ… }

မူကြိုကျောင်းတစ်ခုလား ဒီကမ္ဘာကြီးဟာ မျှော်လင့်ခြင်းရယ် မျိုးစေ့တွေနဲ့ ပန်းပွင့်များ ကြီးထွားစေခဲ့တယ်... မူကြိုကျောင်းတုန်းက ဆရာမများလို အိပ်မက်များကို ဖူးပွင့်စေဖို့ ခွင့်ပြုလို့နေရာမပေးခဲ့...

{ တခုခုတော့ မှားနေသလိုပဲ မက်ခဲ့တဲ့အိပ်မက်များ အားလုံးဟာ အိပ်မက်ပဲကွယ်.... တခုခုတော့ မှားနေသလိုပဲ မက်ခဲ့တဲ့ ပုံပြင်များ အားလုံးဟာ ပုံပြင်ပဲကွယ်... တခုခုတော့ မှားခဲ့ပြီပဲ လောကကြီးမှာ အိပ်မက်ပျိုးကြဲဖို့အတွက် နေရာမရှိပါ… }

ငယ်ငယ်ကလေးဘ၀က မက်ခဲ့တဲ့ ပုံပြင်များ... ငယ်ငယ်ကလေးဘ၀က တက်ခဲ့တဲ့ မူကြိုကျောင်း... အိပ်မက်များမက်တတ်အောင် သင်ပေးပြီးမှ...

{ တခုခုတော့ မှားနေသလိုပဲ မက်ခဲ့တဲ့ ပုံပြင်များ အားလုံးဟာ ပုံပြင်ပဲကွယ်... တခုခုတော့ မှားနေသလိုပဲ မက်ခဲ့တဲ့အိပ်မက်များ အားလုံးဟာ အိပ်မက်ပဲကွယ်... တခုခုတော့ မှားခဲ့ပြီပဲ လောကကြီးမှာ အိပ်မက်ပန်းများပွင့်ဖို့ နေရာမရှိပါ... }

အိပ်မက်များကို ဖူးပွင့်စေဖို့ ခွင့်ပြုမယ့် ပန်းဥယျာဉ်ကြီး မရှိပါ…

သီချင်းလေးက နားထောင်လို့ကောင်းတယ်နော်...။ download လေးထည့်ချင်ပေမယ့် ဘယ်လိုထည့်ရမလဲ မသိလို့ မထည့်ပေးလိုက်ဘူးနော်...။ အားလုံးပဲ ပျော်ရွှင်ပါစေ...။


download လုပ်လို့ရသွားပြီ။ အောက်က လင့်ခ် ကိုသွားလိုက်နော်။ ကူညီပေးတဲ့သူများအားလုံးကို ကျေးဇူး ကျေးဇူး
http://www.mediafire.com/?7lzxhqlnanj

No comments: