Tuesday, November 13, 2007

ယုံလားတော့မသိဘူး

ကျမ အမေ့ဗိုက်ထဲမှာ နေတုန်းကပေါ့…။ ကွေးကွေးလေးနေရတာ ညောင်းလို့ အပြင်မှာ လမ်းထွက်လျှောက်တယ်လေ…။ လမ်းလျှောက်ရင်းနဲ့ ဗိုက်ဆာလာရော…။ ဒါနဲ့မေမေ့ကို မုန့်ဝယ်ကျွေးဖို့ ပူဆာတာပေါ့…။ မေမေကလည်း ကျမလက်ကိုဆွဲပြီး ဈေးထဲကို သွားကြတာပေါ့…။ လမ်းလျှောက်ရင်းနဲ့ ညောင်းလာလို့ စတော်ဘယ်ရီပင်အောက်မှာတောင် ၀င်ထိုင်နေကြသေးတယ်…။ ရန်ကုန်က စတော်ဘယ်ရီက ပိုတောင်ချိုသေးတယ်သိလား…။ ဈေးထဲမှာလည်းရောက်ရော ကျမလည်း ဗိုက်ဆာနေတာနဲ့ လိပ်ခွံသုတ်တို့၊ ငါးခြေထောက်စွပ်ပြုတ်နဲ့ ဂေါ်ဇီလာတောက်တောက်ကြော်ကို အပြတ်တီးပေးလိုက်တာပေါ့…။
***

စားနေတဲ့အချိန်မှာပဲ အားးးးဆိုတဲ့အသံကို ကြားလိုက်တယ်…။ ဘယ်သူအော်တာလဲလို့ ကြည့်လိုက်တော့ ကျမအမေက ဗိုက်နာလို့ အော်တာ…။ ဟိုက်… ကျမကို မွေးတော့မှာပဲ…။ မေမေ့ကိုလည်း ဆေးရုံပို့ရဦးမှာဆိုတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အမြန်စဉ်းစားလိုက်တယ်…။ နောက်တော့ အကြံရတာနဲ့ ဆေးရုံကိုဖုန်းဆက်ပြီး အရေးပေါ်လူနာတင်ယာဉ်ခေါ်တာပေါ့…။ ပြီးတော့မှ ဗိုက်ထဲကို အသာလေးဝင်ပြီး ငြိမ်နေရတော့တယ်…။ ဆေးရုံလည်း ရောက်ရော ဆရာဝန်တွေရဲ့ကောင်းမှုနဲ့ ကျမအပြင်ရောက်လာတာပေါ့…။

ကျမ မျက်လုံးနှစ်လုံးလည်း ဖွင့်လိုက်ရော…။ ကျမက ခါခါဘိုရာဇီတောင်ထိပ်ပေါ်ကို ရောက်နေတယ်…။ ဒီလောက်အမြင့်ကြီးကို တစ်ခါမှလည်း မရောက်ဖူးတော့ အရမ်းကြောက်တာပေါ့…။ တစ်ယောက်တည်းလည်း ပြန်မဆင်းရဲဘူးလေ…။ နောက်ဆုံးတော့ အကြံရလိုက်တယ်…။ ဦးသန်းရွှေဆီက ဟယ်လီကော်ပတာ တစ်စင်းလောက် သွားငှားမယ်ပေါ့…။ (သူ့မြေးတွေက ဟယ်လီကော်ပတာနဲ့ ကျောင်းတက်ကြတာ မဟုတ်လား) သွားလည်းငှားရော ဦးသန်းရွှေက ဟယ်လီကော်ပတာတော့ မငှားဘူးတဲ့…။ မြင်းပျံကြီးတစ်ကောင်ပဲ ယူသွားဆိုပြီး ပေးလိုက်တာပေါ့…။ ဒါနဲ့ ကျမလည်း မြင်းပျံကြီးကိုစီးပြီး အိမ်ကို ပြန်လာတော့တာပါပဲ…။

အိမ်လည်းရောက်ရော…။ မေမေက ကျမကိုလှမ်းပြောတယ်…။ ဟော့ဝပ်က ကျောင်းတက်ဖို့ ခေါ်စာရောက်နေပြီတဲ့…။ ဟော့ဝပ်ဆိုတာ အင်္ဂလန်မှာ နာမည်ကြီးတဲ့ မှော်သင်တန်းကျောင်းလေ။ ကျမလည်း အရမ်းဝမ်းသာသွားတာပေါ့…။ စာလည်း ဖွင့်ဖတ်လိုက်ရော…။

သို့
မေပျို

အကြောင်းအရာ။ ။ ကျောင်းတက်ရောက်ရန် ဖိတ်ခေါ်ခြင်း။

မမေပျိုအား ကျနော်တို့ ဟော့ဝပ်ကျောင်းသို့ တက်ရောက်ပြီး မှော်ပညာကို သင်ယူရန် ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းကို တက်ရောက်ရန် မမေပျို အနေဖြင့် အချက်တစ်ချက်ကို လိုက်လျော ရပါမယ်။ အဲဒီ့အကြောင်းကိုတော့ ကျနော်တို့ ကျောင်းကို ရောက်တော့မှပဲ ဆွေးနွေးကြတာပေါ့။

ပုံ
ဟော့ဝပ်ကျောင်းအုပ်ကြီး
ဒမ္ဘလဲဒိုး
မှတ်ချက်။ ။မမေပျိုအား ခေါ်ဆောင်ရန် ဟယ်ရီပေါ်တာကို စေလွှတ်လိုက်ပါတယ်။

ဒါနဲ့ ကျမလည်း ကျောင်းသွားတက်ဖို့အတွက် အထုပ်အပိုးတွေ ပြင်ဆင်ရတော့တာပေါ့…။ ကျမအထုပ်အပိုးတွေ ပြင်ဆင်နေတုန်း ဗြုန်းးးး ဆို ကျမတို့ မီးလင်းဖိုထဲမှာ ဖြတ်ခနဲလင်းလာတယ်…။ ထင်တဲ့အတိုင်း ဟယ်ရီပေါ်တာ ရောက်လာတာပေါ့…။ ဟယ်ရီ့ရဲ့ မှော်ကြိမ်လုံး တစ်ချက် ဝှေ့ယမ်းလိုက်တဲ့အချိန်မှာပဲ…။ ကျမတို့ လွင့်မျောသွားလိုက်တာ…။ နောက်ဆုံး ကျမရဲ့ခြေထောက်က တစ်နေရာကို သွားထိတဲ့အချိန် အထိပေါ့...။

ကျမ ကဗျာကယာပဲ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့…။ မီးရောင်တွေ မှုန်မှိုင်းမှိုင်းနဲ့ လင်းနေတဲ့ မုခ်ဦးတစ်ခုကို တွေ့လိုက်တယ်…။ အဲဒါက ငရဲပြည်တဲ့…။ ငရဲမင်းက ဟယ်ရီနဲ့ကျမကို တွေ့ချင်လို့တဲ့လေ…။ ကျမတို့ ငရဲမင်းဆီလည်း ရောက်ရော…။ ငရဲမင်းက မင်းတို့လူ့ပြည်မှာ အချင်းချင်းလိမ်လည် လှည့်ဖျားနေတဲ့သူတွေ၊ မကောင်းကြံတဲ့လူတွေ တွေ့ရင် သူ့ကိုချက်ချင်း အကြောင်းကြားတဲ့။ ဆက်သွယ်လို့ ရအောင် ဖုန်းနံပါတ်ကို ပေးလိုက်တယ်…။ သူ့ဖုန်းနံပါတ်က 095………တဲ့။ ကဲ...အားလုံးလည်း အတိုင်မခံချင်ရင် လိမ်လိမ်မာမာ နေကြနော်…။

ကျမတို့လည်း ဟော့ဝပ်ကို အချိန်မီ မရောက်မှာ စိုးတာနဲ့ ငရဲမင်းကို နှုတ်ဆက်ပြီး ပြန်လာခဲ့တာပေါ့…။ လမ်းမှာ တံမြက်စည်းပျံကြီးကို စီးပြီး သွားလိုက်တာ…။ တိမ်တွေကြားထဲက ဖြတ်သွားရင်း မိုက်ကယ်အိုဝင် တိမ်တွေကို ဘောလုံးလုပ်ပြီး ကန်နေတာကိုတောင် တွေ့ခဲ့သေးတယ်…။ ဒီလိုနဲ့ လေတွေ ကြားထဲမှာ ငြိမ့်ခနဲ၊ ငြိမ့်ခနဲနဲ့ မျောနေလိုက်တာ…။ နောက်ဆုံး… ဟော့ဝပ်တံခါးဝဆီကို ရောက်လာတာပေါ့…။ ကျောင်းကို ရောက်ရောက်ချင်းပဲ ကျောင်းအုပ်ကြီးက ကျမကိုတွေ့ချင်လို့ လာခေါ်ပါရော…။

ကျမလည်း ကြောက်ကြောက်နဲ့ ဒမ်ဘလဲဒိုးရဲ့အခန်းကို တံခါးခေါက်လိုက်တာပေါ့…။ သူက ပတ်စ်ဝေါ့ပြောပါတဲ့…။ ကျမလည်း မသိတာနဲ့ ဒမ်ဘလဲဒိုးဆီ ပြေးပြီး မေးလိုက်တာပေါ့…။ ဒမ်ဘလဲဒိုးက ပြောတယ်…။ ပတ်စ်ဝေါ့က မသိပါတဲ့…။ မိုက်တယ်နော်…။ ဒါနဲ့ ပတ်စ်ဝေါ့ကို ပြောပြီး သူ့အခန်းထဲကို ၀င်လိုက်တာပေါ့…။ ပထမဆုံး ဒမ်ဘလဲဒိုးက သူ့ရဲ့ ကျောင်းခေါ်စာ ရောက်လားတို့ ၊ ဟယ်ရီ့က ကောင်းကောင်း ခေါ်လာရဲ့လားလို့ မေးတာပေါ့...။ နောက်ဆုံးမှာတော့ ကျောင်းတက်ချင်ရင် လိုက်လျောရမယ့် အချက်ကို ပြောပြပါတယ်…။ ဒါကတော့ ကျမသူငယ်ချင်းတွေဖြစ်တဲ့
ကိုမာန်လှိုင်းငယ်
ကိုကောင်းကင်ကို
ဝင်္ကပါတို့ကို ယုံတမ်းစကား တစ်ပုဒ်စီ ပြောခိုင်းပါတဲ့…။ ကျမလည်း မတတ်နိုင်တဲ့အဆုံး ကတိပေးလိုက်ရတာပေါ့…။ ကဲ သူငယ်ချင်းတို့ရေ ကျမကတိကို တည်အောင် ကူညီပေးကြမယ် မဟုတ်လား...။

{မီးလေး tagတာကို ကျမမေပျိုက ပြန်လည်ဖြေကြားခြင်း ဖြစ်ပါတယ်။}

7 comments:

လင်း said...

ဟားဟားတကယ်ကောင်းတယ်ဗျို့ 

လင်း said...

ဟားဟားတကယ်ကောင်းတယ်ဗျို့ 

ကလိုစေးထူး said...

ရယ်ရတယ်။ ပုံပြောတော်တော်ကောင်းတာပဲကိုး။ :P

Winkabar said...

ရယ်ရတယ်တော့။ မောလိုက်တာ။ ယုံတမ်းစကားကပြောပြီးပြီ။ထပ်မပြောတတ်တော့ဘူး။
ရတယ်မလား။ လာဖတ်လိုက်နော်။

Anonymous said...

မိုက်တယ်ကွာ အဟဲ.. နောက်ထပ်အကြွေးကလေးတွေလည်း ထပ်ဆပ်ဦးနော်. .

မွန်းသက်ပန် (မဇင်)

JulyDream said...

နောက်ထပ် အကြွေးတွေ ဆပ်ခိုင်းတဲ့ သူတောင် ရှိနေတယ် ဆိုတော့ ဒီဘလော့ ပိုင်ရှင် အကြွေးထူမှန်း အခုမှ သိတော့တယ်။

Red's Rose Dream said...

ရှာရှာ ပေါက်ပေါက် (စားရန်မဟုတ်ပါ။)
ရေးလဲရေးတက်တယ်။