Saturday, October 20, 2007

တစ်လပြည့်အမှတ်တရ

အချိန်တွေကလည်း ပြောင်းလဲတာ တော်တော့ကို မြန်ဆန်တာပဲနော်။ နေ့ရောက်လိုက်၊ ညရောက်နဲ့ တနေ့နေ့ကူးသွားပုံကလည်း မသိမသာလေးနဲ့။ သတိလည်းထားမိရော နေ့ရက်တွေက အများကြီးကျော်လွန်သွားခဲ့ပြန်ပါပြီ။ ဒီနေ့ဆိုရင် ကျမဘလော့ဂ်လေးကို စရေးဖြစ်တာ တစ်လလွန်မြောက်ခဲ့ပြန်ပါပြီ။ ဒီတစ်လအတွင်းမှာ ကိုယ်ထင်မြင်တာလေးတွေ၊ ခံစားချက်လေးတွေကို ရေးလိုက်နဲ့ မကျေနပ်ချက်တွေ ရေးလိုက်နဲ့ပေါ့။ ဒီကြားထဲမှာ ကျမစိတ်ညစ်သမျှကို နားထောင်ပေးတဲ့၊ ကျမကိုဂရုစိုက်ပေးတဲ့ မဇင်ကို အရမ်းကျေးဇူးတင်ပါတယ်။ ကျမကိုအမြဲတမ်း အားပေးနေတဲ့ မေမေ့ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ကျမရေးသမျှကို အချိန်ယူပြီး လာရောက်ဖတ်ရှုသူများကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်လည်းလာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ ကျမလည်း ရသမျှအချိန်လေးမှာ ပို့စ်အသစ်လေးတွေ တင်နိုင်အောင် ကြိုးစားပါ့မယ်ရှင့်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

1 comment:

Anonymous said...

အထိမ်းအမှတ် နေ့လေးအတွက် အမှတ်တရပေါ့။ နောင်လည်း များများ ရေးစေချင်တယ်။ စာမေးပွဲပြီးရင်တော့ ကျန်းမာရေး အကြောင်းလေးတွေ ရေးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ စိတ်တိုနေတာတွေတော့နည်းနည်းလျှော့ ။ မဟုတ်ရင် ရုပ်ရင့်တတ်တယ်ကွယ့်…
ချစ်တဲ့
မွန်းသက်ပန် (မဇင်)