Tuesday, October 23, 2007

စိတ်ဓါတ်ကျမိတယ်

ကျမလောကကြီးမှာ နေထိုင်ရင်းနဲ့ တခါတလေတော့ စိတ်ဓါတ်အရမ်းကျမိပါတယ်။ အခုလည်း စိတ်ဓါတ်ကျနေလို့ ဒီကဗျာလေးကို ရေးဖြစ်တာပါ။ ကျမရေးတာ မကောင်းမှန်းသိပေမယ့် တင်ချင်တာနဲ့တင်ပေးလိုက်တာပါ။ သည်းခံပြီး ဖတ်ကြပါနော်။

တရားမမျှတတဲ့ လောကကြီးကို
ရင်ဆိုင်ရတဲ့အခါ...

သာသနာတော် စစ်ဖိနပ်အောက်ရောက်တာ
ဘာမှမခုခံနိုင်တဲ့အခါ…

လူသားတွေရဲ့ကတိသစ္စာမတည်မှုကို
သိရတဲ့အခါ…

အပြောင်းအလဲများတဲ့ လူ့သဘာဝကို
ကိုယ်တွေ့ကြုံရတဲ့အခါ…

ဖြူစင်တဲ့စိတ်ဓါတ်တွေ ညစ်နွမ်းသွားတာ
မြင်ရတဲ့အခါ…

အနှစ်မရှိတဲ့ မုသားစကားတွေကို
ကြားရဖန်များလာတဲ့အခါ…

မျှော်လင့်ချက်နဲ့လက်တွေ့
ထပ်တူမကျတဲ့အခါ…

စိတ်ဓါတ်ကျမိတယ်…

2 comments:

Chaos said...

မေပျိုရေ
စိတ်ဓါတ်မကျပါနဲ့
မေပျိုဘေးနားမှာ
မေပျိုချစ်တဲ့
မေပျို့ကို ချစ်တဲ့
သူငယ်ချင်းတွေအများကြီးပါ
chaos လဲပါတာပေါ့

Moe Hlaing Nya said...

စိတ်ဓါတ်မကျကြေး ဒေါက်တာမေပျို တစ်နေ့တော့အမှန်တရားဟာ အောင်ပွဲနဲ့အတူရောက် လာမှာပါ နည်းနည်းနောက်ကျတတ်တာကလွဲရင်