Wednesday, December 26, 2007

နှစ်သစ်အကြို

ရက်ကိုလပေါင်းနဲ့
နှစ်တစ်နှစ်တော့ ဟောင်းပြန်လေပြီ..။

မအေးစဖူး အအေးထူးတဲ့
ခရစ်စမတ်နဲ့
ရန်ကုန်ဆောင်းက
နှစ်သစ်ကို ကြိုဆိုလိုက်တယ်..။

ကမ္ဘာကြီးကတော့
နှစ်ဟောင်းမှာ ၀တ်ဆင်ခဲ့တဲ့
ဝတ်ရုံဟောင်းကို
သစ်လွင်တဲ့ ၀တ်ရုံသစ်နဲ့
လဲလှယ်ဖို့ ဟန်ပြင်နေတယ်..။

ရာသီဥတုက
အေးတလှည့် နွေးတလှည့်နဲ့
လူတွေကို ကျီစားနေပြန်ရဲ့။

ပင်ယံထက်မှာ ရွက်သစ်တွေ
တဝေေ၀နဲ့ ကြွေလွင့်ရန်
အားယူနေခြင်းလား..။
လောကကို အလှဆင်ရန်
ပြင်ဆင်နေခြင်းလား..။

စန်တာကလော့က ငါ့ကို မေးနေတယ်။
ခရစ်စမတ်မှာ ဘာလိုချင်သလဲတဲ့။
ငြိမ်းချမ်းရေးကိုပဲ လိုချင်နေတဲ့
ငါ့ဆန္ဒကို သူဖြည့်ဆည်းနိုင်ပါ့မလား။

သဘာဝကြီးကတော့
သူ့တာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်နေလေပြီ..။

ငါတို့လူသားတွေလည်း
နှစ်ဟောင်းမှာလုပ်ခဲ့တဲ့
မကောင်းမှုကို ကောင်းမှုနဲ့ချိန်ထိုးပြီး
နှစ်သစ်ကို အားမာန်အပြည့်နဲ့
ရင်ဆိုင်လိုက်ရအောင်..။

(ဆရာရေ သဲလည်း ဒီလောက်ပဲ ရေးတတ်တယ်နော်။ မကောင်းရင် မဆူပါနဲ့။ :P)

12 comments:

Sophie said...

ကောင်းတယ်မမမေပျိုရေ . . . .ငြိမ်းချမ်းရေးကိုဘဲလိုချင်တာတဲ့ .. . .

များများဆက်ရေးနော်။ မမလိုချင်တဲ့ ငြိမ်းချမ်းရေးလည်း ခရစ်စမတ်တစ်ခုခုမှာတော့ ရမှာပါ။
ရတနာတို့ အတူတူဆုတောင်းကြမယ်လေ။

Anonymous said...

Happy New Year !!!!!!!
with love

Winkabar said...

ရိုးရိုးလေးနဲ့အဓိပ္ပာယ်ရှိလိုက်တာသဲရယ်။
အရမ်းကောင်းတာပဲ။

ပီကေ said...

နှစ်သစ် ဆုတောင်းလေးပေါ့။ ကောင်းလိုက်တာ။ နှစ်သစ်အတွက် ပလန်နင် ချဖို့ ငါးရက်ပဲ ကျန်တော့တယ်နော်။ ဘာတွေ ခြင်ကြံ (အဲ ဆင်ကြံ) ကြံထားလည်း ပြောပါဦး။

သဇင်ဏီ said...

ဟေ့..တယ်ဟုတ်ပါလားကွ..ကဗျာလေးက
သဲကတော်တယ်..

Anonymous said...

Happy New Year ကဗျာလေး အရမ်းကောင်းပါတယ်...သဲ လိုချင်တဲ့ ငြိမ်းချမ်းရေး နှစ်သစ်မှာရပါစေလို့ဝိုင်းဆုတောင်းပါတယ်ခင်ဗျာ..ပျော်ရွှင်ပါစေ

RED said...

မေပျိုက ကဗျာလဲအရေးကောင်းတာဘဲနော်။
ငြိမ်းချမ်းရေး ခရစ်စမတ်လက်ဆောင် ရသွားဘီလား။

မြရွက်ဝေ said...

ညီမနဲ့အတူ ဆုတောင်းလိုက်မယ် "နှစ်သစ်မှာ အားလုံးရင်ထဲ ငြိမ်းချမ်းပါစေ"။

thamudayanwe said...

ကောင်းတယ် ညီမရေ ဆက်ရေး

NayPhoneLatt said...

ငါ့ ညီမက ... ကဗျာရေးလဲ ကောင်းသားဟ ...
ဦးကြီးလက်ထက်က အနုပညာမျိုးဆက်တွေ ပြန်ပေါ်လာပြီ
လို့ပဲပြောရမှာပဲ ...

မေဓာဝီ said...

ညီမလေး သဲ ... ကဗျာလေးက ကောင်းလိုက်တာ။
နှစ်သစ်ကို အားမာန် အပြည့်နဲ့ ရင်ဆိုင်တော့မယ်ပေါ့ ... ။ မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ ... နော်။

နှင်းပွင့်ဖြူ said...

ကဗျာလေးက ဂွတ်ထ ဂွတ်ထ
happy new yr .. မမေပျို