မနှင်းဆီက  ရုပ်ရှင်အကြောင်း  တက်ထားတာလည်း ကြာပါပြီ။  ကျမကိုယ်တိုင်က  ကျောင်းလေးပိတ်တုန်း  အင်တာနက်ကို  မိုးလင်းကမိုးချုပ်  သုံးနေခဲ့တာဆိုတော့  ရုပ်ရှင်ကြည့်ဖို့  အချိန်ကို  မရောက်ပါဘူး။  မနှင်းဆီကို  တောင်းပန်လိုက်၊  အချိန်ဆွဲလိုက်နဲ့  ရက်တွေက ရွေ့လျားနေကြပါတယ်။ ဒီလိုနဲ့ပဲ  အကြွေးက  မကြေနိုင်ဘူး  ဖြစ်နေတယ်။  ဒီနေ့တော့  အကြွေးကို  မရမကဆပ်ပါတော့မယ်။  နောက်ကျသွားတဲ့အတွက် ဆောရီးပါ မနှင်းဆီရေ… :P   အမtagတုန်းကတော့  စိတ်နှင့်ကြည့်သင့်သော  ရုပ်ရှင်ကားများတဲ့။  ကျမကတော့  ရုပ်ရှင်ကြည့်သက် ကလည်း  မကြာသေးတော့   စိတ်နှင့်ကြည့်သင့်လား  မကြည့်သင့်လားဆိုတာ  သေသေချာချာ  မခွဲခြားတတ်ပါဘူး။  ဒါကြောင့်  ကျမနှစ်သက်သော  ရုပ်ရှင်ကားများလို့ပဲ  ခေါင်းစဉ်တပ်ပါရစေနော်။  ကျမအကြိုက်ကိုသာ  ပြောပြထားခြင်း  ဖြစ်တဲ့အတွက်  စာဖတ်သူတိုင်းကလည်း  လွတ်လပ်စွာ  သဘောထားကွဲလွဲခွင့်  ရှိပါတယ်။ :P
    
ပထမဆုံး  ပြောပြချင်တာကတော့  Runaway Bride လို့  အမည်ရပါတယ်။  cover ပုံလေးကိုတော့  အောက်မှာ  ဖော်ပြထားပါတယ်။  ဒရမ်မာကားလေးပါပဲ။  Julia Robert နဲ့   Richard Gere က အဓိက  သရုပ်ဆောင်တွေ အဖြစ်  သရုပ်ဆောင်ထားတာပါ။  ကြည့်ပြီးတဲ့သူတွေလည်း  ရှိမှာပါ။

ဇာတ်လမ်းကတော့  နာမည်လေးလိုပါပဲ။  ထွက်ပြေးနေတဲ့ သတိုးသမီးလေးပေါ့။ မင်းသမီးက လက်ထပ်ပွဲတွေကို  ကြောက်ရွံ့တဲ့ ဆိုက်ကိုလေး  ရှိနေတဲ့ မိန်းကလေးတစ်ယောက်အဖြစ်  သရုပ်ဆောင်ထားတာပါ။  ချစ်သူတစ်ယောက်ရလိုက်  လက်ထပ်မယ်လို့   ကတိပေးလိုက်နဲ့   တကယ်လည်း လက်ထပ်ပွဲလည်း  ရောက်ရော  တစ်နည်းမဟုတ်တစ်နည်းနဲ့   ထွက်ပြေးတော့တာပါပဲ။  ဒီလိုနဲ့  ချစ်သူသုံးယောက်နဲ့   မင်္ဂလာပွဲပျက်ပြီးတဲ့နောက်မှာတော့   မင်းသားနဲ့တွေ့တော့တာပါပဲ။  မင်းသားကတော့  တစ်ခါမှ  လက်မထပ်ဖူးတဲ့  လူပျိုကြီးပါ။  သူတို့နှစ်ယောက်  မြို့လေးတစ်မြို့မှာ  တွေ့ပြီးချစ်မြတ်နိုးကြတာပါ။  ဒီလိုနဲ့   မင်္ဂလာပွဲလည်း  ရောက်ရော  ကောင်မလေးက  အတတ်နိုင်ဆုံး  ထိန်းချုပ်ပေမယ့်  ကင်မရာနဲ့  ဓာတ်ပုံရိုက်လိုက်တဲ့  အခါမှာတော့  ဘယ်လိုမှ   မထိန်းချုပ်နိုင်ဘဲ  ကုန်ကားကြီးပေါ်တက်ပြီး  ထွက်ပြေးသွားပါရော။  အဲဒီ့မှာ  မင်းသားလည်းဆွေးပြီး  ကောင်မလေးကလည်း  ထွက်သာပြေးလာရတယ်။  မပျော်နိုင်ရှာပါဘူး။  နောက်ဆုံး  ကောင်မလေးလည်း  ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး  မင်းသားဆီသွားပြီး   သူကိုယ်တိုင်  လက်ထက်ခွင့်တောင်းတော့တာပါပဲ။    အချစ်ဇာတ်မြူးကားလေးလို့   ပြောလို့ရမယ်  ထင်ပါတယ်။  မြန်မာ့ယဉ်ကျေးမှုနဲ့လည်း   ကိုက်ညီပါတယ်။  ချစ်ခြင်းမေတ္တာ  သန့်သန့်လေးကိုပဲ  ရိုက်ပြထားတာပါ။  ဒီဇာတ်လမ်းလေးထဲမှာ ကျမအနှစ်သက်ဆုံးကတော့ မင်းသမီးက  မင်းသားကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ  ပြောလိုက်တဲ့စကားလေးပါပဲ။  အဲဒါကတော့ `ကျမတို့ဘ၀ကို  ရင်ဆိုင်ရတဲ့အခါ  အခက်အခဲဆိုလာ  ရှိလာမှာပဲ။  အဲဒီ့အခက်အခဲကို  ကျမတို့နှစ်ယောက်လုံး  ဒါမှမဟုတ်  တစ်ယောက်ယောက်က  ရုန်းထွက်ချင်လာပါလိမ့်မယ်။   ဒါပေမယ့်  အခုကျမဒီစကားကို  မပြောပြရရင်တော့   တစ်သက်လုံး  နောင်တရနေတော့မှာပါတဲ့´  တော်တော်လေးကို  ကောင်းတဲ့စကားလေးနော်။   အပျိုကြီးမမတွေကို  ဒီစကားလေး  လက်ဆောင်ပေးပါရစေ။ :P
    နောက်တစ်ခုကတော့    ဂျပန်နဲ့ကိုရီးယား  ဖက်စပ်ရိုက်ကူးထားတာပါ။  နာမည်လေးက Friends တဲ့။ ကိုရီးယားမင်းသား  Won Bin နဲ့  ဂျပန်မင်းသမီးလေး  Kyoko  Fukada တို့  တွဲဖက်သရုပ်ဆောင်ထားတာပါ။  လူငယ်ကြိုက်  ဒရမ်မာကားလေးပါပဲ။
 

    
ဇာတ်လမ်းကတော့  ဒါရိုက်တာဖြစ်ချင်တဲ့  ကောင်လေးနဲ့   ဒီဇိုင်နာဖြစ်ချင်တဲ့  ကောင်မလေးတို့   အလည်လာကြရင်းနဲ့   ဆုံတွေ့ကြတာပါ။   ပိုက်ဆံအိတ်  ခါးပိုက်နှိုက်ခံရလို့  ဒုက္ခရောက်နေတဲ့  ကောင်မလေးနဲ့   ပြေးနေတဲ့ပုံကို  ရိုက်ချင်တဲ့  ကောင်လေးတို့  အမှတ်တမဲ့တွေ့ရာက  အမှတ်တရဖြစ်မိသွားတဲ့  ဇာတ်လမ်းလေးပါ။  ကိုးရီးယားနဲ့ဂျပန်ဆိုတော့   နှစ်ဘက်လုံးကလည်း  သဘောမတူခဲ့ကြပေမယ့်   ခိုင်မာတဲ့ချစ်ခြင်းမေတ္တာကြောင့်   ရည်ရွယ်ချက်တွေ  အောင်မြင်ပြီး  ချစ်သူနှစ်ဦး  ပေါင်းဖက်ရတဲ့ ဇာတ်ကားလေးပါ။  အလုပ်အားလပ်ရက်တို့မှာ  အေးအေးဆေးဆေးလေး  ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲ။
    ဒီကားလေးကတော့   ကျမသဘောကျတဲ့   မင်းသမီးလေး  Nichole  Kidman ရဲ့ဇာတ်ကားလေးပါ။  နာမည်လေးက  The  Stepford  wives  တဲ့။  မင်းသားကတော့  Mathew  Brodrick ပါ။   မြို့လေးတစ်မြို့မှာ  ဖြစ်ပျက်တဲ့အဖြစ်အပျက်လေးပါ။  ကဇနီးမယားတို့ရဲ့  အကြောင်းကို   တင်ပြထားတာပါ။
 ဇာတ်လမ်းကတော့   လင်မယားနှစ်ယောက်  အကြောင်းပေါ့။  မိန်းကလေးက  ထက်မြက်ပြီး ကိုယ့်ဘ၀ကို  အသက်အရွယ်  ရှိတုန်းကြိုးပမ်းချင်သူပါ။  မြို့ကြီးပြကြီးမှာ  နေရတာ  များလာတော့  မွန်းကြပ်လို့ဆိုပြီး    Stepford  ဆိုတဲ့  မြို့လေးကို  ပြောင်းဖြစ်ကြတာပါ။  အဲဒီ့မြို့လေးက  အေးချမ်းသာယာပြီး  လင်မယားဖောက်လွဲ   ဖောက်ပြန်မှုတွေ   မရှိပါဘူး။  အိမ်တိုင်းက  အိမ်ထောင်ရှင်မတွေကလည်း  လင်ယောက်ျားပေါ်ရော  သားသမီးတွေပေါ်မှာရော  အလွန်ကောင်းပြီး  နူးညံ့ငြင်သာလှပကြပါတယ်။  ထူးဆန်းတာတစ်ခုက   သူတို့မြို့လေးမှာ  အပတ်တိုင်း  ယောက်ျားလေးတွေချည်းပဲ  ပြုလုပ်ရတဲ့အစည်းအဝေး ရှိပါတယ်။ အဲဒါတွေရဲ့   လျို့ဝှက်ချက်ကတော့   သူတို့ဇနီးမယားတွေရဲ့  ခန္ဓာကိုယ်မှာ  စက်လေးတစ်မျိုးတပ်ပေး  ထားခြင်းပဲဖြစ်ပါတယ်။  ဒီစက်လေးနဲ့   အမျိုးသားတွေဟာ  သူတို့ရဲ့ဇနီးသည်တွေကို   ချုပ်ကိုင်ထားကြတာပါ။  ဒီလိုနဲ့  နီကိုးအလှည့်လည်း  ရောက်လာခဲ့ပါတယ်။  သူမကိုယ်ထဲကို  စက်ထဲဖို့  ၀ိုင်းဝန်းစီစဉ်ကြပါတယ်။  သူမအမျိုးသားကလည်း  ဒီမြို့ကယောက်ျားတွေရဲ့  သိမ်းသွင်းမှုကိုခံနေရပါပြီ။  ဒီလိုနဲ့  လင်မယားနှစ်ယောက်   စက်ခန်းထဲကို  ၀င်သွားခဲ့ကြပါတယ်။  ပြန်ထွက်လာတဲ့  အချိန်မှာတော့  နီကိုးက  အခြားအိမ်ထောင်ရှင်မတွေလိုပဲ   ငြင်သာလှပလာခဲ့ပါတယ်။  ဒီလိုပြောင်းလဲသွားခြင်းက  ဘာကြောင့်လဲဆိုတာတော့   အားလုံးပဲရုပ်ရှင်ဆက်ကြည့်လိုက်နော်။ :P
ဇာတ်လမ်းကတော့   လင်မယားနှစ်ယောက်  အကြောင်းပေါ့။  မိန်းကလေးက  ထက်မြက်ပြီး ကိုယ့်ဘ၀ကို  အသက်အရွယ်  ရှိတုန်းကြိုးပမ်းချင်သူပါ။  မြို့ကြီးပြကြီးမှာ  နေရတာ  များလာတော့  မွန်းကြပ်လို့ဆိုပြီး    Stepford  ဆိုတဲ့  မြို့လေးကို  ပြောင်းဖြစ်ကြတာပါ။  အဲဒီ့မြို့လေးက  အေးချမ်းသာယာပြီး  လင်မယားဖောက်လွဲ   ဖောက်ပြန်မှုတွေ   မရှိပါဘူး။  အိမ်တိုင်းက  အိမ်ထောင်ရှင်မတွေကလည်း  လင်ယောက်ျားပေါ်ရော  သားသမီးတွေပေါ်မှာရော  အလွန်ကောင်းပြီး  နူးညံ့ငြင်သာလှပကြပါတယ်။  ထူးဆန်းတာတစ်ခုက   သူတို့မြို့လေးမှာ  အပတ်တိုင်း  ယောက်ျားလေးတွေချည်းပဲ  ပြုလုပ်ရတဲ့အစည်းအဝေး ရှိပါတယ်။ အဲဒါတွေရဲ့   လျို့ဝှက်ချက်ကတော့   သူတို့ဇနီးမယားတွေရဲ့  ခန္ဓာကိုယ်မှာ  စက်လေးတစ်မျိုးတပ်ပေး  ထားခြင်းပဲဖြစ်ပါတယ်။  ဒီစက်လေးနဲ့   အမျိုးသားတွေဟာ  သူတို့ရဲ့ဇနီးသည်တွေကို   ချုပ်ကိုင်ထားကြတာပါ။  ဒီလိုနဲ့  နီကိုးအလှည့်လည်း  ရောက်လာခဲ့ပါတယ်။  သူမကိုယ်ထဲကို  စက်ထဲဖို့  ၀ိုင်းဝန်းစီစဉ်ကြပါတယ်။  သူမအမျိုးသားကလည်း  ဒီမြို့ကယောက်ျားတွေရဲ့  သိမ်းသွင်းမှုကိုခံနေရပါပြီ။  ဒီလိုနဲ့  လင်မယားနှစ်ယောက်   စက်ခန်းထဲကို  ၀င်သွားခဲ့ကြပါတယ်။  ပြန်ထွက်လာတဲ့  အချိန်မှာတော့  နီကိုးက  အခြားအိမ်ထောင်ရှင်မတွေလိုပဲ   ငြင်သာလှပလာခဲ့ပါတယ်။  ဒီလိုပြောင်းလဲသွားခြင်းက  ဘာကြောင့်လဲဆိုတာတော့   အားလုံးပဲရုပ်ရှင်ဆက်ကြည့်လိုက်နော်။ :P      ကျမကတော့    မိန်းကလေးတွေဟာ အိမ်ထောင်မှုအလုပ်တွေထဲမှာပဲ   ဘ၀ကိုကုန်ဆုံးရမယ်ဆိုတဲ့   အယူအဆကြီးကို  တိုက်ထုတ်ချင်တာပါ။    ဇနီးမယားတွေကို   အိမ်အလုပ်လုပ်ခိုင်းချင်လို့ လက်ထပ်တယ်ဆိုတဲ့  အယူအဆကို  လက်မခံချင်တာပါ။   မိန်းမဆိုတာ  ယောက်ျားတွေရဲ့  အလုပ်သမားလို   မဖြစ်စေချင်ပါဘူး။  အိမ်ထောင်တစ်ခုမှာ  အိမ်မှုကိစ္စလေးလုပ်တတ်ခြင်းက  ချစ်ခြင်းမေတ္တာလောက်  မစွမ်းဘူးဆိုတဲ့  အဓိပ္ပာယ်ကို  ပြထားတဲ့  ဒီဇာတ်လေးက  ဇာတ်လမ်းကောင်းလေးပါပဲ။
    ကဲ  နောက်ဆုံးပြောချင်တဲ့   ဇာတ်လမ်းလေးကတော့  My  Best  Friend's  Weeding တဲ့။   Julia  Robert  က အဓိက  သရုပ်ဆောင်ထားတာပါ။  cover  ပုံလေးကတော့  အောက်မှာ  ဖော်ပြထားပါတယ်။

    ဇာတ်လမ်းအကျဉ်းလေးကတော့  ဒီလိုပါ။  ကောင်လေးနဲ့  ကောင်မလေးက  အချစ်ဆုံးသူငယ်ချင်းတွေပါ။  ဒီခင်မင်မှုက  ဖြူစင်သလား..  အရောင်ဆိုးနေသလား  ဆိုတာကို သူတို့ကိုယ်တိုင် မသိကြပါဘူး။  ဒါပေမယ့်   ကောင်လေးက  သူချစ်တဲ့ကောင်မလေးတစ်ယောက်ကို   ရှာတွေခဲ့ပါတယ်။ ကောင်မလေးကလည်း  သူမကိုချစ်နိုင်မယ့်  အခြားကောင်လေးတစ်ယောက်နဲ့ပေါ့။  စရိုက်မတူတာကို  သိခဲ့ကြပေမယ့်  ခံစားမှုကိုအချစ်လို့  သတ်မှတ်ကာ နှစ်ယောက်သား ကိုယ့်အတွဲနဲ့ကိုယ်  အဆင်ပြေနေကြပါတယ်။ ဒါပေမယ့် ကောင်လေးလက်ထပ်မယ့်နေ့ကျမှ   ကောင်မလေးက  သူမရဲ့အချစ်ကို  သိရှိခဲ့ရပါတယ်။  ဒီလိုနဲ့ပဲ…  
  ကျမကြိုက်တဲ့  ဇာတ်လမ်းတွေ  အများကြီး  ရှိပေမယ့်လည်း  ဒီတစ်ခေါက်တော့  ဒီလောက်နဲ့ပဲ  ကျေနပ်ပါတော့  မနှင်းဆီရယ်။  အားလုံးပဲ  ပျော်ရွှင်ပါစေ။
 
2 comments:
The Stepford wives က အတော်ကောင်းတယ်။ Population 436 လိုဘဲ။ တယူသန်တဲ့သူတွေအကြောင်း ဇာတ်လမ်းဆင်ပြီး ရိုက်ထားတာနော်။ မိုက်တယ် အဲ့ဒီကားလေးက။ ပထမက ယောက်ျားတွေက မိန်မတေါကို ထိန်းတယ်ထင်တာ နောက်ပိုင်းမှ အဲ့ဒီလို ဖြစ်အောင် မိန်းမတွေက လုပ်ထားတာ ဟဟ။ မိုက်တယ်နော်။
My Best Friend Wedding ကိုလည်း ကြိုက်တယ်။ သူငယ်ချင်းအချစ်နဲ့ အချစ်ကို ခွဲပြီးပြထားတယ်။ သူငယ်ချင်းက မိန်ကလေးဖြစ်နေတော့ စိတ်ထဲ တမျိုးဖြစ် နေပေမယ့် သူတကယ်ချစ်တာ သူ့ကောင်မလေးဖြစ်နေတာ။
ရှာကြံပြီး မပြင်းမရိရေးပေးလို့ သိပ်ပြီး ကျေးဇူးတင်ပါတယ်။
drama ပရိတ်သက်ထင်တယ် :) :)
Ghost ရောမကြိုက်ဘူးလားဗျ
Post a Comment