ကျမခေါင်းကိုက်နေတာလည်း   ကြာပါပြီ…။  ခေါင်းကိုက်တာရဲ့အစကတော့  အင်တာနက်  အလွန်အကျွံ သုံးစွဲခြင်းလို့  ပြောရမယ်ထင်တယ်…။  ကျောင်းပိတ်ပြီ   ဆိုကတည်းက    သုံးလိုက်တဲ့   အင်တာနက်က  နေ့နေ့ညညပဲ…။  မျက်လုံးနှစ်လုံး   ပွင့်ကတည်းက  ကွန်ပျူတာရှေ့ရောက်လိုက်တဲ့   အရောက်က   မျက်လုံးနှစ်လုံးပိတ်လို့   အိပ်ရာဝင်တဲ့အထိပါပဲ…။    ကျောင်းစပိတ်ပိတ်ချင်းတုန်းကတော့   မသိသာပေမယ့်   ပိတ်တာကြာလာလေလေ   တဖြည်းဖြည်းနဲ့   သိသာလာလေလေပါပဲ…။   ဇက်ကြောပဲ  တက်သလိုလို   ညောင်းသလိုလိုနဲ့ပေါ့..။  ကိုယ့်ကိုယ်ကိုလည်း  ရိပ်မိပေမယ့်   ဘလော့ဂ်က  စွဲနေတော့   သိသိရက်နဲ့   မိုက်တယ်လို့ပဲ   ပြောရမယ်ထင်တယ်…။
ဒီလိုနဲ့   မသိမသာ  ဆိုးရွားလာတဲ့   အခြေအနေကို   သိသာအောင်   ထပ်ဖြည့်ပေးလိုက်တာကတော့   ခေါင်းလျှော်ခြင်းပါပဲ…။ ခေါင်းလျှော်တာနဲ့  ခေါင်းကိုက်တာ  ဘာမှမဆိုင်ဘူးလို့  မတွေးနဲ့ဦးနော်..။ ကျမရဲ့အကျင့်ကိုက  တစ်မျိုး..။ ကျမက  ဆိုင်တွေမှာ  ခေါင်းလျှော်လေ့မရှိပါဘူး..။ ကိုယ့်ဘာသာပဲ  လျှော်တာပါ..။  သူတို့လျှော်တာခံရတာကိုက   စိတ်ထဲမှာတစ်မျိုးကြီးပဲ..။  ဟိုတစ်နေ့ကတော့   အေးကလည်းအေး၊  ကိုယ့်ဘာသာလျှော်ရမှာလည်း  ပျင်းကပျင်းနဲ့  ဒီကြားထဲ အမတစ်ယောက်ကလည်း  ခေါင်းသွားလျှော်ရအောင်လို့   အဖော်စပ်တာကြောင့်   ကျမလည်း  မလိုက်ချင်လိုက်ချင်နဲ့   လိုက်သွားပါတယ်..။ အဲဒီ့ဆိုင်က  လျှော်တာလည်း   မဆိုးပါဘူး..။ လျှော်တဲ့အပြင်   သူတို့က  ခေါင်းကိုပါ  နှိပ်ပေးသေးတယ်..။ အဲဒီ့မှာ  ပြဿနာတက်တော့တာပဲ..။ ကျမက  ကျမခေါင်းကို  နှိပ်ရင်  မကြိုက်ပါဘူး..။ ခံလည်းမခံနိုင်ပါဘူး..။  သူတို့ကို  မနှိပ်နဲ့လို့   ပြောရမှာလည်း  အားနာတာနဲ့   ဘာမှမပြောဘဲ  ဒီအတိုင်းငြိမ်ခံခဲ့တာလေ..။  အိမ်လည်းရောက်ရော   ခေါင်းကိုက်ခြင်းဝေဒနာက  တော်တော်လေးဆိုးဝါးနေပါပြီ..။  ဒီလိုနဲ့  ဘလော့ဂ်လည်း  မရေးနိုင်တော့ဘဲ  ဆေးသောက်ပြီး  စောစောပဲ  အိပ်လိုက်ပါတယ်..။
မွေးနေ့လက်ဆောင်  ၀ယ်မယ်ဆိုပြီး  သွားလိုက်တာ  စင်တာတွေကလည်း  တခုပြီးတခု..။ အကြိုက်မတွေ့လိုက်  နောက်တစ်ခု  ထပ်သွားလိုက်နဲ့…။  shopping  ထွက်သလို  ဖြစ်နေတာပေါ့..။  အဲဒီ့မှာပဲ  ကျမရဲ့အကျင့်တစ်ခုကို  ထပ်ပြောရဦးမယ်..။  ကျမက မိန်းကလေးပေမယ့်   shoppingထွက်ရတာ  လုံး၀၀ါသနာ  မပါပါဘူး..။  ရွေးလည်းမရွေးတတ်တဲ့အပြင်  ဆစ်လည်းမဆစ်တတ်ပါဘူး..။ (ဆစ်လိုက်ရင် ကျမကို  ပြန်အော်မှာ ကြောက်လို့ပါ။ :P)  ကျမအတွက်ဆို  မေမေကပဲ  ၀ယ်ပေးလေ့ရှိတာပါ..။ အဲဒီ့နေ့ကတော့  သူတို့နဲ့အတူ  လျှောက်လိုက်လိုက်တာ  ခေါင်းကိုချာလပတ်ရမ်းသွားတာပဲ..။  အ၀တ်အစားတွေကို  ကြည့်ရ..။ ဖိနပ်တွေကြည့်ရနဲ့..။  မျက်လုံးထဲမှာတောင်  အ၀တ်အစားတွေ  ဖိနပ်တွေနဲ့   ပြည့်နေသလိုပဲ..။
(ကျမခေါင်းကိုက်တာကို  သတင်းလာမေးတဲ့  သူငယ်ချင်းများကို  ကျေးဇူးတင်ပါတယ်နော်။)
 
 

 
 
 
12 comments:
:pray
မြန်မြန်သက်သာပါစေလို့ .....
ခေါင်းကိုက်တတ်သော တူမလေး များများအိပ်ပြီး မြန်မြန်နေကောင်းပါစေ။ 
မမေ..
ကျန်းမာခြင်းသည်လာဘ်တစ်ပါးတဲ့ ...
ကျန်းမာမှ အားလုံးကို စွမ်းဆောင်နိုင်မယ် ဂရုစိုက်ပါဗျာ...
အမြန်သက်သာပါစေနော်
ညီမလေးသဲရေ
ခေါင်းကိုက်တာ သက်သွားပီ လားဗျို့ ...
သတင်းလာမေးတဲ့သူကို ဘာမှလည်း မဧည့်ခံပါလား
:)
လူမှာ ဦးခေါင်းက တော်တော် အရေးကြီးတယ်...။
Take care...
ခေါင်းကိုက်ရင် အဲဒီခေါင်းကို ခဏဖြုတ်ပြီး ပြန်ကိုက်လိုက် ကျောက်စရစ်ခဲရေ...
သဲရေ..ကျန်းမာရေးကို ဂရုစိုက်ပါနော်...
သတင်းလာမေးကြတဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ အခုသက်သာသွားပါပြီ။ မွေးနေ့ကျရင် မုန့်ကျွေးမယ်သိလား။
ညီမရေ ခေါင်းကိုက်ရင် မျက်စေ့အနားပေးလေ။ ပြောမယ့်သာပြောတာ အမလဲ ဘလော့အလုပ်ကောင်းလို့ ပါဝါတက်နေပြီ။ :P
ကျန်းမာရေးဂရုစိုက်နော်။
ခုမှငယ်ငယ်လေးရှိသေးတယ်။
တော်ကြာ ခေါင်းကိုက်ဆွဲသွားဦးမယ်။
ဟဲဟဲ ဆရာပြန်လုပ်နေတယ်။
မွေးနေ့ကျရင် ဘာကျွေးမှာလည်းဗျ =)
Post a Comment