အခုဆို   ဒီဇင်ဘာလလည်း  ကုန်ခါနီးပြီနော်။  ၂၀၀၇  ကြီးကလည်း  ကျမတို့က  လက်ပြနှုတ်ဆက်တော့မယ်။   ၂၀၀၈ကတော့  လာဖို့ဟန်ပြင်နေပြီ  ထင်ပါရဲ့။  ကျမလည်း  ဒီဇင်ဘာကို  နှုတ်ဆက်တဲ့  အနေနဲ့   သီချင်းလေးတစ်ပုဒ်ကို  တင်ပေးချင်ပါတယ်။  သီချင်းနာမည်က  ပြီးခဲ့သော  ဒီဇင်ဘာတဲ့။  ထွန်းထွန်း(example) နဲ့  ကြိုးကြာတို့  ဆိုထားတာပါ။ 
    
ကိုယ်နေတဲ့အိပ်ခန်းရယ်   ဟိုမနီးမဝေး   အပြင်ဘက်ဆီမှာ   နှင်းတွေတဖွေးဖွေး  ကျနေရဲ့။  ဒီဇင်ဘာရဲ့  လွန်ကဲတဲ့  အအေးဒဏ်ကို  အသည်းကွဲသူတစ်ယောက်…  တွန်းလှန်ဖို့  ကြိုးစားနေ … အခန်းငယ်အတွင်းမှာ..
    ကိုယ့်ဘေးမှာ.. ဆုံးရှုံးပြီးဖြစ်တဲ့  ချစ်သူဓါတ်ပုံ အဟောင်းလေးရယ်…  ကြိုးပြတ်နေတဲ့  ဂစ်တာလေးရယ်.. တိတ်ဆိတ်နေသလိုနဲ့ .. ကိုယ့်ကို…  ကိုယ်ချင်းစာနေသလို…
    မကြာခင်  မနက်လင်းတော့မယ်…  ဟိုအဝေးက  မီးဖိုလေး ငြိမ်းပြီ.. ဒီဘ၀  အဆုံးမသတ်နိုင်တဲ့…  ကျန်နေသူရင်ထဲက မီးမငြိမ်းနိုင် … ရူးခဲ့သူတစ်ယောက် အရုဏ်ဦးလေး  အလှမဲ့နေ  အခန်းငယ်အတွင်းမှာ..
    ကိုယ့်ဘေးမှာ.. ဆုံးရှုံးပြီးဖြစ်တဲ့  ချစ်သူဓါတ်ပုံ အဟောင်းလေးရယ်…  ကြိုးပြတ်နေတဲ့  ဂစ်တာလေးရယ် တိတ်ဆိတ်နေသလိုနဲ့..  ကိုယ့်ကို  ကိုယ်ချင်းစာနေသလို…
    ဟိုးးး ရောက်တဲ့အရပ်က နေရာလေးမှာ .. ဟိုတခါဘ၀လေးတွေးရင် မင်းပျော်နိုင်မလား..  ရှင်ခွဲလေး ခွဲရအောင် စည်းခြားထား အချစ်လေး.. ဘယ်လိုမှ  တို့ပြန်မဆုံနိုင်ခြင်း..
      ဒီမှာ download လုပ်ပြီး  နားထောင်ကြည့်နော်။
  http://www.mediafire.com/?1ysedtddd1g
 
 
4 comments:
သီချင်းလာနားထောင်သွားတယ်သဲရေ။ ကြိုးကြာအသံနဲ့သီချင်းကအရမ်းလိုက်တယ်နော်။ တအားကြိုက်ရတဲ့သီချင်းတစ်ပုဒ်ပေါ့။
နယူးရီးယားညမှာ ချစ်တဲ့ မောင်နှမတွေနဲ့ အတူတူရှိနေချင်ပေမယ့် ... ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူး။
စာတွေရေးရင်း စာတွေလိုက်ဖတ်ရင်းပဲ အလွမ်းဖြေတော့ မယ်သဲရေ ...။ ပစ္စည်းလဲကြရင် ကိုကြီးအတွက်လဲ တစ်ခုဖယ်ထားဦး ...
ပက်ပက်စက်စက်ကို လွမ်းတယ်.....
သီချင်းစာသားလေးတွေ ဖတ်သွားပါတယ်
နှစ်ဟောင်းကို ပျော်ရွှင်စွာ နှုတ်ဆက်နိုင်ပြီးးး
နှစ်သစ်ကိုလဲကြိုဆိုနိင်ပါစေဗျာ
သီချင်းလေးယူသွားပြီ ညီမရေ...။
Post a Comment