Friday, November 30, 2007

ဘယ်သူပိုကောင်းတယ်လို့ ထင်ပါသလဲ...

ဒီသီချင်းလေးကတော့ ကျမအနှစ်သက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ NGIIK မှအဆိုတော် နှစ်ယောက်က ပုံစံနှစ်မျိုးနဲ့ ဆိုထားတာပါ။ မိန်းကလေးအဆိုတော်ကတော့ မေစံပါယ်ညိုပါ။ ယောက်ျားလေးအဆိုတော်ကတော့ ဘယ်သူလဲဆိုတာ မသိလို့ သိတဲ့လူရှိရင် ပြောပြပေးပါဦးနော်။ သီချင်းလေးနာမည်က ဘေးစကားပါ။

ကိုယ်တို့ကြားက လွဲချော်မှုလေးများ အခြေအနေများက တမျိုးစီ ကာစီးထား... စိတ်ချကွာ အတားအဆီးများလည်း မင်းအတွက် ကျော်ဖြတ်မှာ... ကိုယ်နဲ့မင်းအချစ်တွေ ခိုင်မြဲလည်း ဒီဘ၀က ချစ်နေလို့ မပြီးဘဲ နားလည်မှုလေးများနဲ့...

ဘေးစကားတွေကို မယုံနဲ့ကွာ အားလုံးဟာ အနာဂတ်မှာ မင်းတစ်ယောက်ကိုသာ ချစ်လွန်းတော့ကွာ ဝေးလို့မဖြစ်ဘူးလေ မင်းနဲ့တူတူ ဒီဘ၀မှာ ချစ်ခွင့်ကြုံဆုံဖို့ရာ အနားမင်းနေပါ ဒီအဆုံးတသက်တာ စက္ကန့်တိုင်းပေါ့ မင်းအနားနေချင်တာ

အသိုင်းအ၀ိုင်းများက တမျိုးစီကာစီးလည်း ချစ်ခဲ့ကြတဲ့ရက်တွေ မပြိုလဲဘဲ ဘ၀တလျှောက်မှာ မင်းကလွဲပြီး ဘယ်သူမှ မချစ်ဘူးကွာ … ကိုယ်နဲ့မင်းနဲ့ ထားရှိခဲ့တဲ့ ကတိတွေလည်း ကြိုးစားရင်းနဲ့ တို့အတူ လက်တွဲမြဲ ကိုယ့်ကမ္ဘာသစ်လေးနဲ့…

ဘေးစကားတွေကို မယုံနဲ့ကွာ အားလုံးဟာ အနာဂတ်မှာ မင်းတစ်ယောက်ကိုငါ ချစ်လွန်းတော့ကွာ ဝေးလို့မဖြစ်ဘူးလေ မင်းနဲ့တူတူ ဒီဘ၀မှာ ချစ်ခွင့်ကြုံ ဆုံဖို့ရာ အနားမင်းနေပါ ဒီအဆုံးတသက်တာ စက္ကန့်တိုင်းပေါ့ မင်းအနားနေချင်တာ…

ကိုယ်တို့ကြားက လွဲချော်မှုလေးများ အခြေအနေများက တမျိုးစီ ကာစီးထား…စိတ်ချကွာ အတားအဆီးများလည်း မင်းအတွက် ကျော်ဖြတ်မှာ… ကိုယ်နဲ့မင်းနဲ့ အချစ်တွေခိုင်မြဲလည်း ဒီဘ၀က ချစ်နေလို့ မပြီးဘဲ နားလည်မှုလေးများနဲ့…

(ဘေးစကားတွေကို မယုံနဲ့ကွာ အားလုံးဟာ အနာဂတ်မှာ မင်းတစ်ယောက်ကိုငါ ချစ်လွန်းတော့ကွာ ဝေးလို့မဖြစ်ဘူးလေ… မင်းနဲ့တူတူ ဒီဘ၀မှာ ချစ်ခွင့်ကြုံ ဆုံဖို့ရာ အနားမင်းနေပါ ဒီအဆုံးတသက်တာ စက္ကန့်တိုင်းပေါ့ မင်းအနားနေချင်တာ…) ၂

ဒီသီချင်းကတော့ မေစံပါယ်ညိုဆိုထားတာပါ။ download လုပ်ပြီး နားထောင်ကြည့်နော်။
http://www.mediafire.com/?2lk14w0ztbn

ဒီသီချင်းကတော့ ယောက်ျားလေး အဆိုတော်ပါ။ ဘယ်သူလဲဆိုတာ ပြောပြပေးပါဦးနော်။

http://www.mediafire.com/?3quymuyjjxm

ဘယ်သူဆိုတာ ပိုနားထောင်လို့ ကောင်းလဲဆိုတာ ပြောပြသွားကြဦးနော်…


10 comments:

သဇင်ဏီ said...

အဲဒီသီချင်းကို သိဘူး..
ဒေါင်းလုပ်ယူလိုက်တယ်နော်...

thazinni

Red's Rose Dream said...

download လုပ်လို့မရဘူးဗျ။
မေစံပယ်ညိုကြိုက်ပေမယ့်။

မေပျို said...

မနှင်းဆီနဲ့ သဇင်ရေ သဲပြန်ပြင်လိုက်ပီနော်။ ခုနက လုပ်လို့ မရတဲ့အတွက် ဆောရီးပါကွယ်။ နော်

ထွန်း said...

ရှင်ဖုန်းအရင်ဆုံးဆိုခဲ့တယ် ထင်တာဘဲ။ ရှင်ဖုန်းဆိုတာဘဲ ကြိုက်တယ်

JulyDream said...

ကျောက်စရစ် ဘေးစကားတွေ ဘာတွေ ကြားရတဲ့ အဆင့် ရောက်နေပြီလား။ ဦးဇူလိုင် ဒီရက်ထဲမှာ အလုပ်တွေ များနေတာနဲ့ သတင်း ကွင်းဆက် ပျက်သွားတယ်။ အခုတော့ အုန်းခြစ် ဆောင်စရာ မလိုတော့ဘူးပေါ့။ အေးအေး... ဘေးစကားတွေ မယုံနဲ့ပေါ့။ ဟဟ..

Chaos said...

ယောက်ျားလေးဆိုတာ
ပိုကြိုက်တယ်
အသံလေးက ချိုနေတာပဲဟိဟိ

KPZ said...

ယောက်င်္ကျားလေးက NG2K အဖွဲ့ထဲက ညီမင်းခန့်လို့ထင်တာပဲ. ဘာဖြစ်ဖြစ် နားထောင်လို့ကောင်းတယ်နော် .. ကျေးဇူး

Winkabar said...

သဲရေ နှစ်ယောက်လုံးအတူတူပဲကောင်းတယ်။ တစ်ယောက်ဆိုထားတာကိုအရင်နားထဲစွဲနေရင်တော့တစ်မျိုး
ပေါ့နော်။ နောက်ဆိုတဲ့လူမကောင်းဘူးပေါ့။ အခုကတစ်ချိန်တည်းနားထောင်တာဆိုတော့ နှစ်ယောက်လုံးကောင်းနေတယ်။

Unknown said...

Vocalist-Zin Min Khant

မေပျို said...

အားလုံး ၀ိုင်းပြီး စဉ်းစားပေးကြတာ ကျေးဇူးနော်။ သဲလည်း ကောင်လေးဆိုတာ ပိုကြိုက်တယ်။ ဟဲဟဲ